နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၅ 


နိုင်ငံတော်၏      သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရန်၊   အဖိုးတန်      ဂေဟစနစ်များ  မပျောက်ပျက်အောင်    စောင့်ရှောက်နိုင်ရန် နှင့်   သစ်တောထိန်းသိမ်းရေး    လုပ်ငန်းများ တွင်   အထောက်အကူပြုစေရန်   ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ      အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏     ၂၀၂၃     ခုနှစ်       မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ      အခမ်းအနားကို     ယနေ့နံနက်   ၉     နာရီတွင်   နေပြည်တော်   ဥတ္တရသီရိမြို့ နယ်ရှိ       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ       ခုံရုံးပိုင်        စိုက်ပျိုးမြေဧရိယာ၌ ကျင်းပသည်။


အခမ်းအနားတွင်      နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေးက  ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးပြီး ခုံရုံးအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် နှင့်  အရာထမ်း၊   အမှုထမ်းများ၏    စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို  လှည့်လည်ကြည့်ရှု အားပေးသည်။ 


ယနေ့ကျင်းပသည့်  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏     ၂၀၂၃    ခုနှစ် မိုးရာသီ  သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာ တန်းဝင်ကျွန်းပင်    စုစုပေါင်း  ၄၂၂   ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

   
သတင်းစဉ်