
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၄၀ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်သည်။
၂။ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ၏ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ