နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကူဝိတ်နိုင်ငံဝန်ကြီးချုပ် His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

 

နေပြည်တော်  ဇူလိုင်  ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်    ကူဝိတ်နိုင်ငံဝန်ကြီးချုပ်  His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah နှင့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသည်။

 


ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံမှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။                                                        

သတင်းစဉ်