
ရန်ကုန် ဇူလိုင် ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေး အတွက် သတင်းအချက်အလက်များ ဖြန့်ချိ ခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့် အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက် ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိ သော အခြေခံပညာဆရာ ဆရာမများ အထူး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၁၀၁) သို့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာသွားရောက် ပို့ချသည်။
အဆိုပါသင်တန်းတွင် ဆရာ ဆရာမများ စုစုပေါင်းသင်တန်းသားဦးရေ ၄၈၈ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည့် မေးခွန်းများ ကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်