လုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် အင်ဒိုနီးရှားနှင့် ဩစတြေးလျတို့ သဘောတူ

 

ဆစ်ဒနီ   ဇူလိုင်   ၄


အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံ ခေါင်းဆောင်များ    တွေ့ဆုံကာ စီးပွားရေး၊  လုံခြုံရေးကဲ့သို့သော နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။ 


အမေရိကန်၊     တရုတ်နှင့် အခြားသော  ကမ္ဘာ့အင်အားကြီး နိုင်ငံများက ဒေသတွင်း ၎င်းတို့၏ တည်ရှိမှုကို မြှင့်တင်ရန် ကြိုးပမ်း နေကြချိန်တွင်  အဆိုပါ  နှစ်နိုင်ငံ ခေါင်းဆောင်များ     တွေ့ဆုံမှု ထွက်ပေါ်လာခြင်း      ဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဩစတြေးလျဝန်ကြီးချုပ် အန်တို နီ   အယ်ဘာနိစ်တို့သည်   ဇူလိုင် ၄  ရက်က  ဩစတြေးလျနိုင်ငံ၏ မြို့တော်ဆစ်ဒနီ၌ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ 


အင်ဒို  -   ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းမှုထိန်းသိမ်းရန်အတွက်လည်း     နှစ်နိုင်ငံစလုံးအနေဖြင့် ကတိပြုခဲ့ကြသည်။       ထို့ပြင် နှစ်နိုင်ငံ  ခေါင်းဆောင်များသည် အီးဗွီဘက်ထရီများ ပူးတွဲထုတ်လုပ် မှုအပါအဝင်   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဆွေး နွေးခဲ့ကြသည်။ 


အင်ဒိုနီးရှားနှင့် ဩစတြေးလျ နိုင်ငံတို့အနေဖြင့်     မဟာဗျူဟာ မြောက်ဆက်ဆံရေးကို    တည် ဆောက်သင့်ကြောင်း  ဂျိကို ဝီဒိုဒို က ပြောသည်။      

                                           
အင်န်အိတ်ချ်ကေ