
ဘန်ကောက် ဇူလိုင် ၄
ထိုင်းလွှတ်တော်က အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ကို ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။ မေလ အတွင်းက အထွေထွေရွေးကောက်ပွဲတွင် အတိုက် အခံပါတီများက အနိုင်ရပြီးနောက် ထိုကဲ့သို့ အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက် မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ရှေ့သို့ချီပါတီနှင့် အခြားမဟာမိတ်ပါတီများသည် လက်ရှိတွင် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အောက် လွှတ်တော်ရှိ လွှတ်တော်အမတ်များသည် ဇူလိုင် ၄ ရက်က ဝါရင့်နိုင်ငံရေးသမား ဝမ်မူဟာမက် နော်မာသာကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း အတည်ပြုထောက်ခံပေးခဲ့ကြ ကြောင်း သိရသည်။
လွှတ်တော်ဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးပါတီ ဖြူထိုင်းနှင့် ရှေ့သို့ချီပါတီတို့ က ရယူလိုနေသည့်အတွက် ပါတီနှစ်ရပ်အကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ဇူလိုင် ၃ ရက်တွင် အတိုက်အခံအုပ်စုမှ တတိယပါတီ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန် ပါတီနှစ်ရပ် အကြား ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
ထိုကဲ့သို့ တတိယပါတီကိုယ်စားလှယ်လောင်း ကို ရွေးချယ်ရန် ဆုံးဖြတ်မှု၏ ရည်ရွယ်ချက်မှာ အစိုးရတစ်ရပ်ဖွဲ့စည်းရေး ကြိုးပမ်းအားထုတ်ရာ တွင် ပါတီနှစ်ရပ်အကြား ထိပ်တိုက်တွေ့စေမည့် အရေးကို ရှောင်ရှားရန်ဖြစ်သည်။ လက်ရှိတွင် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်တင်မြှောက်ရေးကို အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို ဇူလိုင်လ လယ်တွင် ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
မဟာမိတ်ပါတီရှစ်ဖွဲ့က ရှေ့သို့ချီပါတီ ခေါင်းဆောင်ဖြစ်သည့် ပီထာလင်ဂျာရိုအမ်ရတ်ကို ထောက်ခံရန် သဘောတူကြသည်။
အင်န်အိတ်ချ်ကေ