နေပြည်တော် လယ်ဝေးမြို့နယ်တွင် နွေစပါး စံကွက်ရိတ်သိမ်း၊ တစ်ဧကလျှင် စပါးအစို ၁၆၂ ဒသမ ၅ တင်းနှုန်းထွက်ရှိ

 

နေပြည်တော်    ဇူလိုင်    ၄


ပြည်ထောင်စုနယ်မြေ နေပြည်တော်  လယ်ဝေးမြို့နယ်တွင်  ၂၀၂၂-၂ဝ၂၃  ခုနှစ်  နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  သစ်ဆိမ့်ပင်ကျေးရွာအုပ်စု  အဆင့်မြင့်လယ်ယာမြေ  ဧက  ၂၀၀ စိုက်ကွင်း ရှင်း​လင်းဆောင်၌ ကျင်းပသည်။


အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်၊      စိုက်ပျိုးရေး၊        မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊       နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် တောင်သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင်         နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက      စိုက်ပျိုးမွေးမြူရေးကို    အခြေခံသည့်        စီးပွားရေးလုပ်ငန်းများကို   အဓိကထား   ဆောင်ရွက် နေကြရာတွင်  စိုက်ပျိုးရေးလုပ်ငန်းများကို  ပြည့်ပြည့် ဝဝ    ဆောင်ရွက်နိုင်မည်ဆိုပါက    လယ်ယာကဏ္ဍ     ဖွံ့ဖြိုးတိုးတက်နိုင်မည်   ဖြစ်ပါကြောင်း၊    လယ်ယာ ကဏ္ဍကို   အပြည့်အဝ   အကောင်အထည်ဖော်နိုင် မှသာ    ပြည်တွင်းစားရေရိက္ခာ      ပေါများလာမည့် အပြင်  ပိုလျှံစွာ ထွက်ရှိလာသည့်  ထုတ်ကုန်များမှ ပြည်ပပို့ကုန်များ      ရရှိပြီး     စိုက်ပျိုးရေးလုပ်ငန်း များကို    အခြေခံသည့်    ပြည်ပဝင်ငွေများ   ရရှိမည် ဖြစ်ပါကြောင်း၊ ကျေးလက်နေတောင်သူများ လူမှု ဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့အတွက်  ဦးစားပေး  ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြော ကြားသည်။


ထို့နောက်     စိုက်ပျိုးရေး၊       မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က   ပန်းတိုင်အထွက်နှုန်းများ     ရရှိစေရန် (မျိုး၊ မြေ၊ ရေ၊ နည်း)  ဟူသည့် နည်းလမ်း (၄) ရပ် နှင့်     စိုက်ပျိုးနည်းစနစ်များနှင့်   ပတ်သက်၍    ပြောကြားသည်။


ထို့နောက်      နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူများက     နွေစပါးစံကွက်     ရိတ်သိမ်း ခြင်း၊  စပါးခြင်တွယ်ခြင်းများကို  ကြည့်ရှုအားပေး ကြသည်။


ယနေ့   သစ်ဆိမ့်ပင်ကျေးရွာအုပ်စု    အဆင့်မြင့် လယ်ယာမြေဧက ၂၀၀ စိုက်ကွင်းအတွင်း စိုက်ပျိုး ထားသည့် နှံကောက်ထွန်းစပါးမျိုးကို ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၁၆၂ ဒသမ ၅ တင်းနှုန်း ထွက်ရှိပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း နှင့်   ပြည်ထောင်စုနယ်မြေ  နေပြည်တော်အတွင်း  ၂၀၂၂- ၂၀၂၃  ခုနှစ်တွင် နွေစပါး စီမံကိန်းလျာထား ဧက ၁၉၀၂၃ ဧက လျာထားပြီး ဧက ၂၇၃၈၀ စိုက်ပျိုး ခဲ့ကြောင်း သိရသည်။  


ဆက်လက်၍    နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ ဦးတင်ဦးလွင်သည်     စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ်၊      နေပြည်တော်ကောင်စီ    အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်၊   ဌာန ဆိုင်ရာ အကြီးအကဲများနှင့်အတူ လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအနီးရှိ    V4    လမ်းအောက်မှ ရေထွက်ပေါက်များအား ကြည့်ရှုစစ်ဆေးပြီး ရေထွက် ပေါက်များ     ပိတ်ဆို့မှုမရှိစေရေး၊     ရေစီးရေလာ    ကောင်းမွန်စေရေး တာဝန်ရှိသူများအား မှာကြားပြီး တောင်သူများ၏  တင်ပြချက်များအပေါ်   လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 

ထွန်းထွန်းဝင်း (ပြန်/ဆက်)