မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဇူလိုင်    ၄


မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာရေးသား ရေးအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို   ယနေ့မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ   လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ 


အစည်းအဝေးသို့  မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ    ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်    ဦးအောင်ကျော်မိုး နှင့်     အစီရင်ခံစာ   ရေးသားရေး အဖွဲ့ဝင်များ  တက်ရောက်ကြပြီး ရွှေမင်းသား      ဖောင်ဒေးရှင်း (မြန်မာ)နှင့် ပေါင်းစည်း လူမှုဖွံ့ဖြိုး တိုးတက်ရေး     ဖောင်ဒေးရှင်းတို့ မှ   တာဝန်ရှိသူများက     ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်ရောက် ကြသည်။ 


ရှေးဦးစွာ နှစ်ပတ်လည် အစီ ရင်ခံစာ ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ တော်အစိုးရသည်   မသန်စွမ်း သူများကို ပစ်ပယ်မထားဘဲ တာဝန် ရှိသည်ဟု    ခံယူ၍   မသန်စွမ်း သူများအတွက်  ဆောင်ရွက်ပေး နေသည့်    အချက်အလက်များကို ပြည်တွင်းသာမက     နိုင်ငံတကာ အဖွဲ့အစည်းများပါ    သိရှိစေရန်      ရည်ရွယ်၍ အမျိုးသားကော်မတီ  နှစ်ပတ်လည်      အစီရင်ခံစာကို   ထုတ်ဝေလျက်ရှိပါကြောင်း၊ ပထမ အကြိမ်   နှစ်ပတ်လည်   အစီရင် ခံစာနှင့်        ဒုတိယနှစ်ပတ်လည်      အစီရင်ခံစာတို့ကို     (မြန်မာ + အင်္ဂလိပ်) နှစ်ဘာသာဖြင့် ထုတ်ဝေ ဖြန့်ဝေခဲ့ပြီး     ဖြစ်ပါကြောင်း၊     ယခုအစည်းအဝေးတွင်     တတိယ အကြိမ်   နှစ်ပတ်လည်  အစီရင် ခံစာ      ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှု    အခြေအနေ များကို     သက်ဆိုင်ရာ    ကဏ္ဍ အလိုက်       တင်ပြပေးရန်နှင့် ပြည့်ပြည့်စုံစုံဖြင့် အရည်အသွေး ကောင်းမွန်သည့်     အစီရင်ခံစာ အဖြစ်  ထုတ်ဝေနိုင်ရေး  ဝိုင်းဝန်း ပူးပေါင်း     ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။ 


ထို့နောက် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊  ထိခိုက်လွယ်အုပ်စု များဌာနခွဲ      ညွှန်ကြားရေးမှူး  ဦးစည်သူဝင်းက တတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာ စာအုပ် ထုတ်ဝေနိုင်ရေးအတွက် မူကြမ်း ပြုစုဆောင်ရွက်ထားရှိမှု  အခြေ အနေများနှင့်  နှစ်ပတ်လည် အစီ ရင်ခံစာတွင်  ဖော်ပြမည့်  ဥယျော ဇဉ်နှင့်  အမှာစကား(မူကြမ်း)တို့ ကို  ရှင်းလင်းတင်ပြပြီး ညွှန်ကြား ရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။


ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ      တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် မသန်စွမ်းသူများအတွက် ဆောင် ရွက်ပေးနေမှု အခြေအနေများနှင့် တတိယအကြိမ်   နှစ်ပတ်လည် အစီရင်ခံစာကို ဩဂုတ်လအတွင်း ပုံနှိပ်ထုတ်ဝေနိုင်ရေး    ကိစ္စရပ် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။ 


ထို့နောက်  မသန်စွမ်းသူများ ၏      အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံ     စာရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က နိဂုံးချုပ်    အမှာစကားပြောကြား ကာ   အစည်းအဝေးကို  ရုပ်သိမ်း လိုက်သည်။ 

သတင်းစဉ်