အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများ သွားရောက်ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    ဇူလိုင်    ၄


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီးဝန်ကြီးများသည်  ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပမည့် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်ပြင်ဆင်ထားရှိ မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ထို့သို့ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ် ရေးဆပ်ကော်မတီ    အတွင်းရေးမှူး    ဦးတင်မောင် ကြည်နှင့်  တာဝန်ရှိသူများက  ကြိုတင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်က   အာဇာနည်ဗိမာန်သို့     သွားရာလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး  ဘေးဝဲယာ  သန့်ရှင်းသပ်ရပ်မှု ရှိရေး   ဆောင်ရွက်ရန်    မှာကြားကာ   ဗိမာန်တွင် လွမ်းသူပန်းခွေချအလေးပြုအခမ်းအနားနှင့် နေရာ ယူမှုပုံစံ ကြိုတင်လေ့ကျင့်နေမှု၊ အာဇာနည်ပုဂ္ဂိုလ်ကြီး များကို  လာရောက်ဂါဝရပြုမည့်ပြည်သူများ ဝင်ထွက် သွားလာမည့်  ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ် နှင့်  M-3  ရှေ့ဂိတ်တွင်  ကိုဗစ်စည်းကမ်းနှင့်အညီ သုံးပေခြား၍ လက်ဆေးဘေစင်များနှင့် စစ်ဆေးရေး ဂိတ်များ    ပြင်ဆင်ထားရှိမှုများ     ကြည့်ရှုစစ်ဆေးပြီး    အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည်ကုန်းအတွင်းရှိ     ပတ်ဝန်းကျင်သန့်ရှင်း    သပ်ရပ်မှုရှိရေး    တာဝန်ရှိ သူများအား မှာကြားသည်။


ရှင်းလင်းတင်ပြ


ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်    ဗဟန်းမြို့နယ်    ဗိုလ်ချုပ်အောင်ဆန်း   နေအိမ်ပြတိုက်တွင်   ဗိုလ်ချုပ်နောက်ဆုံးစီးခဲ့သည့် မော်တော်ကား    ပြသထားရှိမှု၊    ပြတိုက်ပတ်လမ်း တစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေး  ဆောင်ရွက် ထားရှိမှုများ၊ ရေကန်အတွင်းမှ အမှိုက်များ  ဆယ်ယူ ရှင်းလင်းထားရှိမှု၊ အပေါ်ထပ်ပြတိုက်အတွင်း ငယ်ဘဝ မှ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ဘဝ အထိ ပြသထားရှိမှု၊ ဆက်လက်၍ အပေါ်ထပ်ရှိအိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစုဓာတ်ပုံများ၊ ကလေးများအိပ်ခန်း နှင့်  ပြတိုက်အတွင်း ပြသထားရှိမှုများကို  လှည့်လည် ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို   ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။      

ဆန်းကျော်ဦး(ပြန်/ဆက်)