ဟင်္သာတမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဇူလိုင်   ၄  


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့နယ်အတွင်းရှိ      စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်  ပြည်သူ့ စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့်     ကြက်ဥများ       ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင်     နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်     တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း    အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်         ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်  ကြက်ဥများကို    လည်းကောင်း၊  ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ အား   ယူနီဖောင်းများကို   လည်း ကောင်း     ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက      အသီးသီး လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးက   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း       ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်