
နေပြည်တော် ဇူလိုင် ၄
ပြန်ကြားရေးဝန်ကြီးဌာနက အမှတ် (၁၂) အခြေခံပညာ အထက်တန်း ကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြန်မာ နိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေး အသင်းမှ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မှတ်တမ်းဗီဒီယိုပြသ
ရှေးဦးစွာ “ပန်းတိုင်းပွင့်၍ မွှေးပါစေ” မှတ်တမ်းဗီဒီယိုနှင့် “မိုခါမုန်တိုင်း စုပေါင်းမှုအင်အား ရလဒ်” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် အထက (၁၂) ကျောင်းစာကြည့်တိုက်အတွက် တတ်နိုင်သည့်အင်အားဖြင့် ပထမ အကြိမ် လာရောက်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ကျောင်း ပညာရပ်များကို ကြိုးစားသင်ယူ ခြင်း၊ သုတ ရသ စာအုပ်စာစောင် များကို ဖတ်ရှုလေ့လာခြင်းတို့ ဖြင့် မိမိတို့ဘဝကို မြှင့်တင်သွား ကြရမည်ဖြစ်ပါကြောင်း၊ စာအုပ် စာပေများက လူငယ်များ၏ ဘဝ ကို မြှင့်တင်ပေးပြီး အသိပညာ ဗဟုသုတများ ရရှိစေမည် ဖြစ် ပါကြောင်း။
လေ့လာဖတ်ရှုကြစေလို
နိုင်ငံတော် ဝန်ကြီးချုပ်က လည်း လူငယ်ကဏ္ဍကို အလေး ထား မြှင့်တင်ပေးလျက် ရှိပါ ကြောင်း၊ ထိုသို့ အလေးထား ဆောင်ရွက်သည်နှင့်အညီ ကျောင်း သား ကျောင်းသူများအနေဖြင့် လည်း မိမိဝန်းကျင်၊ မိမိဒေသ၊ မိမိ တိုင်းပြည်က အားကိုး၊ အားထား ပြုရသည့် လူချွန် လူကောင်း၊ သားကောင်း ရတနာများဖြစ် အောင် ကြိုးစားသွားကြစေလို ကြောင်း၊ ယနေ့ လှူဒါန်းသည့် စာအုပ်များတွင် ကျောင်းသား လူငယ်များအတွက် အကျိုးရှိမည့် စာအုပ်များကို ရွေးချယ်လှူဒါန်း ပေးထားပါကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကားအတိုင်း မိမိတို့ဘဝအတွက် အထောက် အကူပြုပြီး အကျိုးရှိစေမည့် သက်ဆိုင်ရာ စာအုပ်များကို လေ့လာ ဖတ်ရှုကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက အမှတ် (၁၂) အခြေခံ ပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် စာအုပ်ဗီရိုတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာ ရေးမှူး ဦးသန်းဆွေနှင့် ကျောင်း အုပ်ဆရာမကြီး ဒေါ်ချိုချိုတို့က လက်ခံရယူကြသည်။
ကျေးဇူးတင်စကားပြောကြား
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သူဇာဝေ က စာကြည့်တိုက်သို့ စာအုပ်၊စာစောင် များ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်း အုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် အမှတ် (၁၂)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ ဇာတိမာန်” သီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန် ရှိသူများသည် အမှတ်(၁၂)အခြေခံ ပညာအထက်တန်းကျောင်း ဥတ္တရ အလင်းတန်း စာကြည့်တိုက် အတွင်း ကျောင်းသား ကျောင်းသူ များ စာအုပ်စာစောင်များ ဖတ်ရှု လေ့လာနေမှုကို ကြည့်ရှုအားပေး ကြသည်။
ယနေ့တွင် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း မိသားစုက စာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ကျွန်းဗီရို နှစ်လုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ငွေကျပ် ခြောက်သိန်း ငါးသောင်း တန်ဖိုးရှိ စာအုပ် ၁၅၀၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနက ငွေကျပ် ငါးသိန်း တစ်သောင်း ကျော်တန်ဖိုးရှိ စာအုပ် ၃၇၀ စုစုပေါင်း ၂၁ သိန်း ခြောက်သောင်း ကျော်ကို ဥတ္တရအလင်းတန်း စာကြည့်တိုက်အတွက် ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်