ပြည်သူများ၏လူမှုဘဝ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအား သမဝါယမကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်

 

မုံရွာ    ဇူလိူင်    ၁
(၁၀၁)နှစ်မြောက်    အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့   အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက    မုံရွာမြို့   တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံးချင်းတွင်းခန်းမ၌ ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊   တိုင်းဒေသကြီး     အစိုးရအဖွဲ့ဝင်များ၊   တိုင်းဒေသကြီး/  ခရိုင်/     မြို့နယ်အဆင့်      ဌာနဆိုင်ရာများ၊ သမဝါယမအသင်းဝင် များနှင့်    ဖိတ်ကြားထားသူများ   တက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  က   တိုင်းဒေသကြီး   သမဝါယမကဏ္ဍ အနေဖြင့်   မြို့နယ်ပေါင်း ၃၅   မြို့နယ်၊  သမဝါယမအသင်းပေါင်း   ၅၂၉၃  သင်း၊ အသင်းသားပေါင်း     ၄၆၁၇၁၀   ဖြင့်  ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ဆင်းရဲနွမ်းပါးမှု     လျှော့ချရေးတွင်    အဓိကအခန်းကဏ္ဍမှ   ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း။
လက်ရှိကာလတွင်    သမဝါယမနှင့် ကျေးလက်    စသည့်ဆက်စပ်ဌာနများ ပေါင်းစပ်၍    ကျေးရွာတစ်ရွာချင်းအား စံပြကျေးရွာ (Smart Village)အဖြစ် စံပြ သမဝါယမအသင်းတစ်သင်း ရွေးချယ်ကာ လယ်ယာဝန်ဆောင်မှုကဏ္ဍ    တိုးမြှင့် ဆောင်ရွက်နိုင်ရန် စက်ကိရိယာများအား တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းထောက်ပံ့ပေးခြင်း စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း၊ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလား အလာရှိသည့်     သမဝါယမအသင်းများ စိစစ်ရွေးချယ်ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ     ချေးငွေလည်ပတ်သုံးစွဲခြင်း ဆိုင်ရာ  လုပ်ငန်းစီမံကိန်းများ၊   ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်   အရင်းမပျောက် လည်ပတ်ရန်ပုံငွေ    ထူထောင်ပေးရေး ရှေ့ပြေးစမ်းသပ်စီမံကိန်းများ   အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း၊  သမဝါယမဦးစီးဌာနနှင့်     သမဝါယမ အသင်းစုများကလည်း ပြည်သူများ၏လူမှု ဘဝ   အရှိန်အဟုန်ဖြင့်   ဖွံ့ဖြိုးတိုးတက် ရေးအား  သမဝါယမကဏ္ဍမှ   ကြိုးပမ်း ဆောင်ရွက်သွားကြရန်     တိုက်တွန်း ပြောကြားသည်။  
ဆက်လက်၍       တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူး ကြီး ဉာဏ်မြင့်ကျော်က (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ဥက္ကဋ္ဌ  Mr . Ariel Guarco ပြောကြားသည့် အမှာစကားကို ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်  က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်း အောင်မြင်သည့် သမဝါယမဦးစီး ဌာနမှ   ဝန်ထမ်းသားသမီးသုံးဦးအား ဂုဏ်ပြုဆုငွေနှင့်  ဂုဏ်ပြုဆုလက်မှတ် များ    ပေးအပ်ချီးမြှင့်ကြောင်း     သိရ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)