ကင်ညာနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ၄၅ ဦးထက်မနည်း သေဆုံး

 

ကီရီချို   ဇူလိုင်   ၁


ကင်ညာနိုင်ငံအနောက်ပိုင်း အဝေး ပြေးလမ်းမကြီးတစ်ခု၌  ဇွန် ၃၀ ရက်က     ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် ၄၅ ဦးထက်မနည်း သေဆုံးပြီး   အခြားအများအပြား ဒဏ်ရာရရှိကြောင်း     ရဲတပ်ဖွဲ့က ပြောကြားသည်။

 


ယာဉ်မတော်တဆမှုမှာ ယင်း နေ့ ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ သည်။ ထရပ်ကားမောင်းနှင်သူမှာ ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ကီရီ ချိုဒေသရှိ လမ်းဘေးတွင် ရပ်နား ထားသည့် ယာဉ်အချို့၊ လမ်းသွား လမ်းလာများနှင့်     ခေါင်းရွက် ဗျပ်ထိုးဈေးသည်များကို တိုက်မိ ခဲ့ကြောင်း    ရက်ဖ်ဗယ်လီဒေသ ဆိုင်ရာရဲမှူး တွမ်အိုဒီရိုက ပြော ကြားသည်။   သေဆုံးသူအများ အပြားမှာ   ယာဉ်များအတွင်းနှင့် အခြား   ထရပ်ကားအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့   ဖုန်းဖြင့်  ပြောကြား သည်။ 

 


မိုးသည်းထန်စွာ    ရွာသွန်းမှု ကြောင့် ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်ရန် နှောင့်နှေးခဲ့ရ ကြောင်း     ၎င်းက   ဆက်လက် ပြောကြားသည်။ ကုန်တင်ယာဉ် မှာ ယာဉ်မတော်တဆမှုမဖြစ်ပွားမီ ကီရီချိုဒေသသို့ ဦးတည်မောင်းနှင် ပြီး နာကူရူ - ကီရီချို အဝေးပြေး လမ်းမကြီးကို      ကွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့၏    ပြောကြားချက်အရ သိရသည်။ 


ဆင်ဟွာ