မိုခါမုန်တိုင်းတိုက်ခတ်မှုအပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်ပေးလျက်ရှိ

 

စစ်တွေ   ဇူလိုင်   ၁


ရခိုင်ပြည်နယ်    သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ    ရခိုင်ပြည်နယ်    ဝန်ကြီးချုပ် ဦးထိန်လင်းသည်   ဒုတိယဝန်ကြီးများ၊    ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်   သွေးလွန်တုပ်ကွေး   ရောဂါကာကွယ် နှိမ်နင်းရေး   အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းအခမ်းအနားသို့   တက်ရောက်ပြီး   ခဝါသည်ချောင်း အတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ဖြန့်ခွဲနေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး   စုပေါင်းလှုပ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ      ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာသာသနာ့ဗိမာန်တော်၌  ကျင်းပသည့် သွေးလွန်တုပ်ကွေးရောဂါ         ကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း   အခမ်းအနား သို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင် ပြည်နယ်အတွင်း    မိုခါမုန်တိုင်းတိုက်ခတ်မှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ     ဆောင်ရွက် သည့်အခါ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊   သွေးလွန်တုပ်ကွေးရောဂါသည်   ခြင်က တစ်ဆင့်   ကူးစက်တတ်သည့်     ရောဂါဖြစ်သဖြင့် ကာကွယ်ခြင်းသည်     တစ်ဦးတစ်ယောက်အတွက် သာမက ကပ်ရောဂါအသွင် အစုလိုက် မဖြစ်စေရေး အတွက်လည်း    အသင့်တော်ဆုံး    နည်းလမ်းဖြစ် ကြောင်း။
နိုင်ငံတော်အနေဖြင့် ကျောင်းများနှင့်   ရပ်ကွက် များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အတွက် ပိုးလောက်လန်းများ သေစေသည့်(အဘိတ်)ဆေးများ   ထောက်ပံ့ပေးခြင်း၊   မြို့နယ်များအတွက် ခြင်ဆေးမှုတ်စက်များဖြန့်ဝေခြင်း  စသည့်တို့ကို ကူညီ ပံ့ပိုးပေးလျက်ရှိပြီး       သွေးလွန်တုပ်ကွေးစစ်ဆေး ကိရိယာများ  ကုသရေးဆေးဝါးပစ္စည်းများကိုလည်း မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ ဖြန့်ဝေထားရှိ ကြောင်း  သွေးလွန်တုပ်ကွေးရောဂါ သယ်ဆောင်သည့် ခြင်မပေါက်ပွားအောင်  ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း ကို ပြည်သူလူထုတစ်ရပ်လုံး  ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို          အရှိန်အဟုန်မြှင့် ပူးပေါင်း         ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး     ဒေါက်တာကြည်လွင်က သွေးလွန်တုပ်ကွေးဖြစ်ပွားမှု      အခြေအနေများကို ရှင်းလင်းတင်ပြပြီး      ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ   ကာကွယ်နှိမ်နင်းရေးကို သရုပ်ပြသကြသည်။
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်   ဒုတိယ ဝန်ကြီးများက တာဝန်ရှိသူများထံ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးတွင်     အသုံးပြုသည့် (အဘိတ်) ဆေးအိတ်များ  ပေးအပ်ကြပြီး   သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးပြခန်းများကို  ကြည့်ရှုကြသည်။ 
ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်   ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များက ခဝါသည် ချောင်း   ရေစီးရေလာကောင်းမွန်ရေး    ဆောင်ရွက် လျက်ရှိသည့်  အခြေအနေများကို   ကြည့်ရှုစစ်ဆေး ပြီး  (ဝဲပုံ)  တာဝန်ရှိသူများအား   လိုအပ်သည်များ မှာကြားသည်။ 
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   စစ်တွေမြို့   ဘက်စုံသုံးဆိပ်ကမ်းသို့     ရောက်ရှိပြီး MERCURY FORCE  သင်္ဘောပေါ်မှ ကူညီကယ်ဆယ် ရေးနှင့်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  အသုံးပြုမည့် ပစ္စည်းများကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲ ပေးရန် စီစဉ်ဆောင်ရွက်နေမှုနှင့် တပ်မတော်ယာဉ် များပေါ်မှ ကုလားတန် - ၂ သင်္ဘောပေါ်သို့ ရသေ့တောင် မြို့နယ်အတွက် ခွဲဝေဖြန့်ဖြူးသည့်     အထွက်တိုး  မျိုးစပါးအိတ်များ   တင်ဆောင်နေမှုကို     ကြည့်ရှု စစ်ဆေးပြီး   တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  အမှတ် (၅)   အခြေခံပညာအထက်တန်းကျောင်း၊ တရားသီးစုရပ်ကွက်နှင့်    သုစိတ္တာရာမဓမ္မာရုံတို့၌ သွေးလွန်တုပ်ကွေးရောဂါ    ကာကွယ်နှိမ်နင်းရေး စုပေါင်းလှုပ်ရှားမှုများကို ကြည့်ရှုအားပေးသည်။ 
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌   သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း    ညှိနှိုင်း အစည်းအဝေးသို့   တက်ရောက်ကြသည်။
အစည်းအဝေးတွင်  လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ         လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊  ဆက်လက်ဆောင်ရွက် မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု  အခြေအနေ များနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်