စက်မှုဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ဒေသဆိုင်ရာအေဂျင်စီများ၏ စုပေါင်းအားနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

 

နေပြည်တော်   ဇူလိုင်   ၁ 
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင် များကို   ယနေ့မွန်းလွဲပိုင်းက  ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့   အစည်းအဝေးခန်းမ၌     တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်   ရန်ကုန်တိုင်းဒေသကြီးသို့ နှစ်ကြိမ်  လာရောက်၍  MSME  လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံ့စီးပွားရေးအတွက် အထောက် အကူပြုစေမည့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ပြီး လိုအပ်သည့်  နည်းပညာနှင့် ရင်းနှီး ငွေများအား ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ MSME မှ စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့်  ထုတ်ကုန် ပစ္စည်းများကို တန်ဖိုးမြှင့် (Value Added) ထုတ်လုပ် ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ရောင်းချနိုင် ရေး   ဆောင်ရွက်ပေးရန်၊  စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင် စွာ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်း အမြစ်ကောင်းများ မွေးထုတ်ပေးရန် လမ်းညွှန်မှုပြုခဲ့ ပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီ အပါ အဝင်  ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းများ   မှတ်ပုံတင်ခြင်း   ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်၍   အေဂျင်စီ၏   လုပ်ငန်း ဆောင်ရွက်ချက်များအား လစဉ်လုပ်ငန်းကော်မတီ သို့ အစီရင်ခံတင်ပြရန်နှင့် လုပ်ငန်းကော်မတီမှ ဗဟို ကော်မတီသို့ စုစည်းသုံးသပ် တင်ပြအစီရင်ခံသွားမည် ဖြစ်ကြောင်း၊   ရန်ကုန်တိုင်းဒေသကြီး   MSME အေဂျင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှု နှင့်အညီ ဗဟို MSME အေဂျင်စီနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ရန်နှင့်     စက်မှုဝန်ကြီးဌာနအနေဖြင့်  MSME  လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ   ဝန်ကြီးဌာန/  အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ဒေသဆိုင်ရာ အေဂျင်စီများ၏ စုပေါင်း အားနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ဆက်လက်၍          ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အသေးစား၊  အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နေမှုအခြေအနေ၊  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် MSME Web Portal ဆိုင်ရာကိစ္စရပ် များ၊ ချေးငွေ ရရှိရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြပြီး တက်ရောက်လာသူများက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်း ဆွေးနွေးကြသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးက MSME ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီကဲ့သို့ မူဝါဒချမှတ်ပေးသည့်အဖွဲ့အစည်းများနှင့်   အဆိုပါ   မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်နေသည့်  ဒေသ ဆိုင်ရာအေဂျင်စီများအကြား         တွေ့ဆုံဆွေးနွေး ပူးပေါင်းအကောင်အထည်ဖော်   ဆောင်ရွက်မှသာ MSME ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ရလဒ်ကောင်းများ  ဖန်တီးနိုင်မည်ဖြစ် ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ရေး       စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပေါင်းစပ်၍ ဆောင်ရွက်ရ မည့်    ကိစ္စရပ်များကိုလည်း   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်         တိုက်တွန်းပါကြောင်း ပြောကြားသည်။                                
သတင်းစဉ်