ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင်  ၁


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်  မန္တလေးမြို့ ခုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံ တိုးချဲ့လူနာဆောင်   ရှစ်ထပ်  အဆောက်အဦနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်      မန္တလေးဘဏ်ခွဲ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။


ရှင်းလင်းတင်ပြ


ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင် ၌   တာဝန်ခံအင်ဂျင်နီယာများက    အဆောက်အဦ ဒီဇိုင်းပုံစံ တွက်ချက်ရေးဆွဲထားရှိမှု၊ ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်   လုပ်ငန်းအစီအစဉ်များ၊   မြို့ပြ၊ ရေသန့်၊ လျှပ်စစ်အပိုင်းလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့်   လုပ်ငန်းအရည်အသွေးစစ်ဆေး‌ခြင်း ဆောင်ရွက်နေမှုအခြေအနေတို့ကို   တင်ပြကြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


လှည့်လည်ကြည့်ရှုစစ်ဆေး


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ ရေးနှင့် လက်ရာသေသပ်ကောင်းမွန်ရေးကို ဦးစားပေး ရန်၊ ကလေးဆေးရုံတည်ဆောက်ရာတွင် ကျန်းမာ ရေးဝန်ကြီးဌာနမှ အသုံးပြုလိုသော လိုအပ်ချက်များ ကို   ဆေးရုံအဆောက်အဦဆိုင်ရာ   နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက် ပေးရန်၊  ဗဟိုဘဏ်အဆင့်    သတ်မှတ်ချက်များ၊ လိုအပ်ချက်များအပြင် လုံခြုံရေးစနစ်ကောင်းမွန်စေ ရေး ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး  အလေးထားဆောင်ရွက်ရန်   မှာကြားပြီး လုပ်ငန်းခွင်အတွင်း   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။


လိုအပ်ချက်များဆွေးနွေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခုရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး လမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ်   ညွှန်ကြားရေးမှူး  (မြို့ပြ)နှင့် တာဝန်ခံအင်ဂျင်နီယာများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ    ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို      ဆွေးနွေးမှာကြား သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေး တိုင်းဒေသကြီးအတွင်း    လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်သောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာန၏ အဓိကတာဝန်မှာ ပြည်သူများ သွားလာရေး နှင့် နေထိုင်ရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ် ရေးနှင့်  အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ညီညွတ်မျှတစွာနေထိုင်ကြစေရေး တာဝန်ရှိသူများ က စိစစ်ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားပြီး   ဝန်ထမ်းများ၏   တင်ပြချက်များ အပေါ်   လိုအပ်သည်များ   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


လုပ်ငန်းလိုအပ်ချက်များမှာကြား


ဆက်လက်၍ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးအပိုင်း)ရှိ လမ်းနှင့်တံတား အခြေအနေများကို   စစ်ဆေးရာ    မိုင်တိုင်အမှတ် (၃၃၈/၆)ရှိ အရှည်ပေ ၂၇၀ ရှိ သက်ပန်းချောင်းတံတား ကြံ့ခိုင်မှု၊ တံတားအောက်ခြေ     Abutment  များ ရေတိုက်စားမှုမရှိစေရေးနှင့်      ပြန်လည်ပြုပြင် ထိန်းသိမ်းထားရှိမှုအခြေအနေကို   လည်းကောင်း၊ လမ်းပခုံးရေတိုက်စားသည့်အပိုင်းများကို ပြန်လည် ပြုပြင်ခြင်း   ဆောင်ရွက်နေသည့်အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၄/၁) မှ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့်  ဗုဒ္ဓဥယျာဉ်သို့   တိုက်ရိုက် အဝင်/အထွက်ပြုလုပ်နိုင်သည့် လမ်းဆုံနေရာတွင် ဘုရားဖူးခရီးသည်များ ယာဉ်အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် လမ်းလယ်ကျွန်း၊ လမ်းဘေး ဝဲ/ယာ သစ်ပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို မှာကြားခဲ့သည်။

     
သတင်းစဉ်