
နေပြည်တော် ဇူလိုင် ၁
ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် ဖြစ်သူ Air Chief Marshal Along- kom Vannarot ၏ ဖိတ်ကြားချက် အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သော ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်