နယူးယောက်မြို့ရှိ အသစ်ဖွင့်လှစ်ထားသော Tiffany & Co. ရတနာဆိုင် မီးလောင်မှုဖြစ်ပွား

 

နယူးယောက်   ဇွန်   ၃၀


နယူးယောက်မြို့   မင်ဟက်တန်         ရပ်ကွက်ရှိ        အမေရိကန်၏       အထင်ကရ လက်ဝတ်ရတနာဆိုင်  ဖြစ်သည့်   Tiffany & Co.  ၌ မီးလောင်မှုဖြစ်ပွား ရာ  လူနှစ်ဦးကို   ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။ ဇွန် ၂၉ ရက်  နံနက်  ၉   နာရီခွဲခန့်က Tiffany & Co. ဆိုင် တွင် မီးလောင်မှုဖြစ်ပွားနေသည် ဟု  သတင်းရရှိခဲ့ကြောင်း နယူး ယောက်မြို့  မီးသတ်အာဏာပိုင် အဖွဲ့က ပြောသည်။   

 


နှစ်နာရီခွဲခန့်ကြာပြီးနောက်   မီးလောင်မှုကို   ငြှိမ်းသတ်နိုင်ခဲ့ ကြောင်း  မီးတောက်အရှိန်ကြောင့် အဆောက်အအုံ၏   နံရံပျက်စီးခဲ့ သည်။  ဆိုင်ဝန်ထမ်းများ  အပါ အဝင် လူပေါင်း ၁၀၀ခန့်ကို အခင်း ဖြစ်ပွားရာ နေရာမှ     ဘေးလွတ်ရာ သို့      ကယ်တင်ခဲ့ရကြောင်း အာဏာပိုင်များက   ပြောသည်။ ဆိုင်၏ လျှပ်စစ်စနစ် မှားယွင်းမှု ကြောင့်    မီးလောင်ရခြင်းဖြစ် သည်ဟု  ယူဆထားပြီး  အသေး စိတ်အချက်အလက်များကို စုံစမ်း စစ်ဆေးလျက်ရှိသည်။ 

 


Tiffany & Co.  ဆိုင်သည်   ၁၉၄၀   ပြည့်နှစ်    ကတည်းက ဖွင့်လှစ်ခဲ့သည့်ဆိုင်လည်း   ဖြစ် သည်။ ၂၀၁၉ ခုနှစ်တွင်   ဆိုင် ပြင်ဆင်မှုအတွက်  ပိတ်ထားခဲ့ပြီး လွန်ခဲ့သည့်နှစ်လခန့်ကမှ    ဆိုင် ပြန်ဖွင့်ခဲ့သည်။

အင်န်အိတ်ချ်ကေ