ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှု ရက်ပေါင်း ၁၁၁၁ ရက်ရှိပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်    ၃၀


ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက်    ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ပြည်ထောင်စု နယ်မြေ   နေပြည်တော်  ဒက္ခိဏ သီရိမြို့နယ်အတွင်း   ဦးဆောင် ဘုရားဒါယကာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များဖြင့်   မြန်မာ နိုင်ငံ   အင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ ဝင်များက နေ့ညမပြတ်ကြိုးပမ်း တည်ဆောက်   ပူဇော်လျက်ရှိရာ ၂၀၂၀ ဇွန် ၁၄ ရက်  ပန္နက်တင် မင်္ဂလာအခမ်းအနား   ကျင်းပခဲ့ သည့်နေ့မှ ယနေ့အထိ ရက် ပေါင်း ၁၁၁၁  ရက်  ၃  နှစ်နှင့်  ၁၆ ရက် တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

 


ကမ္ဘာပေါ်တွင် စကျင်ကျောက် ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော် များတွင်   ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ   ထွန်းလင်းတောက်ပ လျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံ သည်    ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေ ရန်၊ နိုင်ငံတော်ကြီး   သာယာဝ ပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်     စသည့် ရည်ရွယ်ချက် (၄)ရပ်ဖြင့်  တည် ဆောက်ပူဇော်နေခြင်း   ဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးနှင့်    အတူ ဗုဒ္ဓဥယျာဉ်တော်     အတွင်း၌   သာသနိက    အဆောက်အဦများ ကိုလည်း နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများ နှင့်အညီ ထည့်သွင်းတည်ဆောက် လျက်ရှိသည်။

 


မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးထုဆစ်မှုမှာ  ယနေ့တွင် ရက်ပေါင်း ၁၁၁၁ ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိရှိပြီဖြစ်ပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်နေမှု ကို ကြည်ညိုသဒ္ဓါများပွားနိုင်စေ ရေး ယနေ့တွင်   ဖူးမြော်ရသည့် ရုပ်ပွားတော်မြတ်ကြီးနှင့်    ဗုဒ္ဓ ဥယျာဉ်တော်အတွင်းမှ သာသနိက အဆောက်အဦများ၏ မြင်ကွင်း များကို     နိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ   မိဘပြည်သူများ ဖူးမြော်ကြည်ညို သဒ္ဓါများပွားနိုင် စေရေး ယခုကဲ့သို့ ဖော်ပြလိုက်ရပါ သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်နေမှုအား ရာနှုန်းပြည့်      ပြီးစီးနိုင်ရေး ဆက်လက်   ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။                    

သတင်းစဉ်