ဒုတိယဝန်ကြီး ဦးဌေးလှိုင်  ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  မစ္စတာ အဲကွာဒိုဟိုဆေး ဒီဗေဒဂါ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇွန်   ၃၀


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန      ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင် နိုင်ငံ   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အဲကွာဒို ဟိုဆေး ဒီဗေဒဂါ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်     ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံပွဲသို့ အမျိုးသားမှတ်ပုံ တင်နှင့်     နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အားဦးစီးဌာန   ညွှန် ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား  လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံ ပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်း ရောက်ရှိ နေသည့် ဖိလစ်ပိုင်နိုင်ငံသားများ ၏     နေခွင့်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှု     အခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့်   ပူးပေါင်း ပါဝင်ဆောင်ရွက်မှု   အခြေအနေ၊ လူကုန်ကူးခံရသူများ   အတွက် နှစ်နိုင်ငံ    အပြန်အလှန်ကူညီ ဆောင်ရွက်   ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍       ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။    

သတင်းစဉ်