
နေပြည်တော် ဇွန် ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါ ဒေါ့ဗ် အား ယနေ့ မွန်းလွဲ ၁၂နာရီ ခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင် စုဝန်ကြီးနှင့် ရုရှားသံအမတ်ကြီး တို့သည် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ အနာဂတ်တွင် ဆက်လက်ဖြစ်ထွန်းစေရေး ကိစ္စ များအပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြသည်။ ပြည်ထောင်စုဝန်ကြီး က ရုရှားသံအမတ်ကြီးအနေဖြင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် ထူးချွန် ပြောင်မြောက်စွာ ပံ့ပိုးဆောင်ရွက် မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။
သတင်းစဉ်