
နေပြည်တော် ဇွန် ၂၉
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါ မုန်တိုင်းဒဏ်သင့် တောင်သူ လယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ် သော မျိုးစပါးများကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှု ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့် မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိသည်။
ထိုသို့ စီမံဆောင်ရွက်လျက်ရှိ ရာ နေပြည်တော်ကောင်စီနယ်မြေ မှ ဝယ်ယူခဲ့သည့် GW-11 မျိုးစပါး ၁၄၄၂၅ တင်းကို တပ်မတော် မော်တော်ယာဉ် ၆၅ စီးဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင် မျိုးစပါး တင်း ၃၀၀၀ ကို တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြနှင့် ဝါးခယ်မမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင် မျိုးစပါး ၁၃၀၆၇ ဒသမ ၅ တင်းကို တပ်မတော် မော်တော်ယာဉ် ၆၃ စီးဖြင့်လည်း ကောင်း တင်ဆောင်၍ ယနေ့တွင် ဒုတိယအကြိမ် သွားရောက် ပို့ဆောင်လျက်ရှိသည်။
အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင် ဆောင်ရာတွင် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီတင်ဆောင် ပေးကြရာ ယနေ့တွင် သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ် လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် တွင် လိုအပ်လျက်ရှိသည့် မျိုးစပါး များကို အချိန်မီရရှိရေး ဆက်လက် ပို့ဆောင်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်