MNL ပြိုင်ပွဲ၌ မြဝတီနှင့် ဒဂုံစတားအသင်း တစ်ဂိုးစီသရေကျ

 

ရန်ကုန်   ဇွန်    ၂၉
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်   (၁၀)  စတုတ္ထနေ့ကို   ဇွန်  ၂၉  ရက်က YUSC ကွင်း၌  ဆက်လက်ကျင်းပရာ မြဝတီ အသင်းနှင့် ဒဂုံစတားအသင်း တစ်ဂိုးစီသရေကျခဲ့သည်။
ခြေစွမ်းမကွာသည့် အသင်းနှစ်သင်းတွေ့ဆုံသလို ပြည်တွင်း ကစားသမားများဖြင့်   ဖွဲ့စည်းထားသည့်   အသင်းနှစ်သင်း၏  အားပြိုင်မှုမှာ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ပွဲအစ ၁၅ မိနစ် အတွင်း   အပြန်အလှန်သွင်းဂိုးနှစ်ဂိုး  တွေ့မြင်ခဲ့ရသော်လည်း  နောက်ပိုင်းတွင် အဆုံးသတ်အားနည်းမှုကြောင့် ဂိုးထပ်မရဘဲ  သရေတစ်မှတ်စီ ခွဲယူခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး  အမာခံ ကစားသမား  အများစုဖြင့်   ပွဲထွက်လာပြီး  ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။      

 


၁၀ မိနစ်တွင်   မြဝတီအသင်း   ဂိုးစတင်ရရှိခဲ့ပြီး  ဟိန်းဇေယျာမင်း ကန်သွင်းသည့် ပြစ်ဒဏ်ဘောကို ဒဂုံစတားဂိုးသမား အောင်ပြည့်ဖြိုး ကာကွယ်သော်လည်း  လက်မှလွတ်ကာ  ဂိုးဝင်သွားခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသဖြင့် ဒဂုံစတားအသင်း ချေပဂိုးရရန် အားထည့်ကစား လာပြီး ၁၄ မိနစ်တွင် သိန်းတန်က ဂိုးပြန်သွင်းခဲ့သည်။ ပထမပိုင်းအပြီး တွင် သရေကျနေသဖြင့် ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်လာ ပြီး ဒဂုံစတားအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သည်။ ဂိုးရနိုင်သည့် အပိုင် အခွင့်အရေး သုံးကြိမ်ထက်မနည်းရရှိသော်လည်း အသုံးမချနိုင်သဖြင့် နိုင်ပွဲနှင့် ဝေးခဲ့ရခြင်းဖြစ်သည်။ 

 


ယခုပွဲအတွက် အကောင်းဆုံးကစား သမားဆုကို ဒဂုံစတားအသင်း ကွင်းလယ်ကစားသမား မောင်မောင်ဝင်းက ရရှိခဲ့သည်။ ယခုပွဲအပြီးတွင် ၁၀ ပွဲကစား ရမှတ် ၁၂ မှတ်၊ ဒဂုံစတား အသင်းက ၁၀ ပွဲကစား ရမှတ် ၁၁ မှတ် ရရှိထားသည်။

 


ပွဲစဉ် (၁၀) နောက်ဆုံးနေ့အဖြစ် ဇွန် ၃၀ ရက် (ယနေ့) တွင် မဟာ ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                                    
         

ရဲရင့်လွင်