ချယ်ဆီးတိုက်စစ်ကစားသမား ဟာဗက်ကို ပေါင် ၆၅ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

 

အာဆင်နယ်အသင်းသည်   ချယ်ဆီး အသင်းမှ ဂျာမနီတိုက်စစ်ကစားသမား ကိုင်ဟာဗက်ကို  ပေါင် ၆၅ သန်းဖြင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။ 

 


အသက် ၂၄ နှစ်အရွယ် အဆိုပါ တိုက်စစ်ကစားသမားသည်    ပေါင် ၇၁  သန်းဖြင့်  လေဗာကူဆင်အသင်း မှ    ချယ်ဆီးအသင်းသို့    ပြောင်းရွှေ့ ရောက်ရှိလာပြီးနောက်         သုံးနှစ် အကြာတွင်  အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီတွင် ချယ်ဆီး အသင်းအတွက် ကိုးဂိုး  သွင်းယူထား သော ဟာဗက်၏ ပြောင်းရွှေ့ကြေးမှာ အပိုဆုကြေးများပါ ထည့်ပေါင်း ပါက ပေါင် ၆၅ သန်းထက် ကျော်လွန်ဖွယ်ရှိသည်။ ပရီမီယာလိဂ် ၉၁ ပွဲတွင် ၁၉ ဂိုး သွင်းယူထားနိုင်သည့် ဟာဗက်သည် ချယ်ဆီး အသင်းနှင့်အတူ ၂၀၂၁ ခုနှစ် တွင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိ ထားသူဖြစ်သည်။   အာဆင်နယ်အသင်းသည် အပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်လျက်ရှိကာ ဝက်စ်ဟမ်းအသင်းမှ အင်္ဂလန် ကွင်းလယ်ကစားသမား ဒက္ကလန် ရိုက်စ်အား ပေါင်  ၁၀၅  သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရသည်။

အောင်ဇော်