သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇွန်   ၂၈


သဘာဝ        ဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့်      ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ကူညီဆောင်ရွက်ပေး နိုင်ရေးအတွက်    တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး  အဖွဲ့များ သည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများတွင်   အင်တိုက်အား တိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့  ဆောင်ရွက်ပေးလျက် ရှိရာ    ယနေ့တွင်     စစ်တွေမြို့ ၌    ရောက်ရှိနေသည့်     ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ဒိုးသောင်ကျေးရွာ နှင့် ဇော်ပူဂျာကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


အလားတူ    ကျောက်ဖြူမြို့ ၌   ရောက်ရှိနေသည့်     ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ကုလားဘာတောင် ရပ်ကွက်ရှိ   သိမ်တောင်ကျောင်း တိုက်၌ ဒေသခံပြည်သူများအား ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးပြီး ဆီ၊ ရေသန့်နှင့်  စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိ သည်။ 


ထို့အတူ   ဘူးသီးတောင်မြို့ ၌     ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် ကားလမ်းမဘေး၌  သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကကျက်ဘက်ကျေးရွာရှိ ဒေသခံ ပြည်သူများအား     နယ်လှည့် ဆေးကုသရေးအဖွဲ့များကကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။ 


အလားတူ    ပုဏ္ဏားကျွန်းမြို့ ၌    ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် စိုက်ပျိုးရေးနှင့်  မွေးမြူရေးဦးစီး ဌာနရှိ  ဝန်ထမ်းမိသားစုများနှင့်  ဒေသခံပြည်သူများထံ  မျိုးစပါး များ ထောက်ပံ့ပေးလျက်ရှိသည်။


ထို့အတူ      ရသေ့တောင်မြို့ ၌  ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သာသနာ့ဗိမာန် ကျောင်းတိုက်၌   ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ 


အလားတူ      မြောက်ဦးမြို့ ၌   ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် မြို့တော်ဝန်ခန်းမ၌    ဒေသခံ ပြည်သူများထံ     မျိုးစပါးများ ထောက်ပံ့     ပေးလျက်ရှိကြောင်း သတင်းရရှိသည်။      

 သတင်းစဉ်