ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇွန်    ၂၈


ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်     နေပြည် တော်  တပ်ကုန်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ       ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   ပြန်ကြား ရေးဝန်ကြီးဌာနရှိ ဌာနဆိုင်ရာများ အလိုက် စိုက်ပျိုးရန်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဝန်ကြီးရုံး၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းတို့မှ     ညွှန်ကြား ရေးမှူးချုပ်များနှင့်       ဦးဆောင် ညွှန်ကြားရေးမှူးတို့က     လက်ခံ ရယူကြသည်။

 


ပျိုးပင်များလွှဲပြောင်းပေးအပ်


ဆက်လက်၍   ပြန်ကြားရေး ဝန်ကြီးဌာန၏   ၂၀၂၃   ခုနှစ် မိုးရာသီ    သစ်ပင်စိုက်ပျိုးပွဲတော် အတွက်  ပျိုးပင်များကို   သစ်တော ဦးစီးဌာန   နေပြည်တော်   ဥတ္တရ ခရိုင် တပ်ကုန်းမြို့နယ် ဦးစီးအရာ ရှိ  ဦးမြင့်လှိုင်က လွှဲပြောင်းပေးအပ် ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်က လက်ခံရယူသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့် ဇနီးတို့က  ၂၀၂၃  ခုနှစ်   မိုးရာသီ သစ်ပင်စိုက်ကွင်းရှိ    သတ်မှတ် နေရာတွင် ကံ့ကော်ပင်နှင့် ခရေ ပင်တို့ကို ဦးဆောင် စိုက်ပျိုးပေးကြ ပြီး     ဒုတိယဝန်ကြီး  ဦးရဲတင့်၊ ဌာနဆိုင်ရာ  အကြီးအကဲ များနှင့် တာဝန်ရှိသူများက ကျွန်း၊ မဟော်ဂနီ၊ခရေနှင့်   သစ်ပိတောက် ပင်များကို သတ်မှတ်နေရာများ တွင်   ဆက်လက်၍     စိုက်ပျိုးပေး ကြသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးနှင့်     အဖွဲ့သည် ဝန်ထမ်းများနှင့်    မိသားစုများ စုပေါင်းသစ်ပင်   စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု     အားပေးကြ သည်။

 


ငါးမျိုးစိုက်ထည့်ပေး


ထို့နောက်     ပြန်ကြားရေး ဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  ငါးကန်အမှတ် (၁) တွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးတို့က   ငါးမျိုးများ ကို     ဦးစွာ   စိုက်ထည့်ပေးကြပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ  အကြီးအကဲများနှင့်   ဝန်ထမ်း များ၏   ငါးမျိုးစိုက်ထည့်ပေးနေ မှုကို  ကြည့်ရှုအားပေးသည်။ 

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးနှင့်     အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဆိတ်ကောင်ရေ ၁၈၀ မွေးမြူထား ရှိမှုနှင့်   ၂၀၂၃  ခုနှစ်   မိုးရာသီ သရက်စိုက်ကွင်းတို့ကို    ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ မှာကြားသည်။
ယနေ့   ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား တွင်  ပျိုးပင်ပေါင်း  ၁၄၀၀    နှင့် စိန်တလုံးသရက်ပျိုးပင်  ၆၂၅ ပင်၊ စုစုပေါင်း  ၂၀၂၅ ပင် စိုက်ပျိုးခဲ့ပြီး ထိုင်းငါးခုံးမ ငါးသားပေါက်ကောင် ရေ  ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းကလည်း     ပြည် ထောင်စုဝန်ကြီးသည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားရှိ      အစည်း အဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာ နှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအတွက်     လိုအပ်သော ပစ္စည်းများ   တင်ဒါတင်သွင်းရန် အောင်မြင်ခဲ့ကြသော ကုမ္ပဏီများ မှ  တာဝန်ရှိသူများနှင့်  တွေ့ဆုံ၍ ပစ္စည်းအမျိုးအစားများ   အလိုက် အရည်အသွေး မှန်ကန်ကောင်းမွန် စေရေးနှင့်  အချိန်မီတင်သွင်းနိုင် ရေးတို့အတွက်      အလေးထား ဆောင်ရွက်ကြရန်     ဆွေးနွေး မှာကြားခဲ့သည်။       
 သတင်းစဉ်