နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPSTအဖွဲ့ဝင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့  တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPSTအဖွဲ့ဝင် 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ 
တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး တတိယနေ့တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်    ဇွန်   ၂၈


နိုင်ငံတော်၏            ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ      (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင် သော       ကိုယ်စားလှယ်အဖွဲ့နှင့်  လည်းကောင်း၊ ပအိုဝ်းအမျိုးသား  လွတ်မြောက်ရေး              အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်ထွန်း တင်     ဦးဆောင်သော    ကိုယ်စား လှယ်အဖွဲ့နှင့်      လည်းကောင်း၊ လားဟူဒီမိုကရက်တစ်    အစည်း အရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊  ဒီမိုကရေစီ အကျိုးပြု       ကရင်တပ်မတော် (DKBA)    စစ်ရေးချုပ်   အဆင့်ရှိ စောစိန်ဝင်း          ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်       လည်း ကောင်း၊ KNU/KNLA  ငြိမ်းချမ်း ရေးကောင်စီ       ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင် သော    ကိုယ်စားလှယ်အဖွဲ့နှင့်  လည်းကောင်း ယနေ့နံနက်ပိုင်း တွင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟိုဌာနဧည့်ခန်းမ၌  တစ်ဖွဲ့ချင်း  သီးခြားစီ တွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် တစ်ဖွဲ့ချင်းစီ ၏  တင်ပြချက်များ၊  ဒေသလုံခြုံ  ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး  ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍  နှစ်ဖက်အပြန်အလှန်  ရင်းနှီး ပွင့်လင်းစွာ    ဆွေးနွေး      ညှိနှိုင်း ကြသည်။  

 


မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့ နှင့်  NCA လက်မှတ်ရေးထိုးထား သည့် PPST အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့  (၅) ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO) ၏ ကိုယ်စားလှယ်  အဖွဲ့တို့သည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်        ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန     အစည်း အဝေးခန်းမ၌        တတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်သည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်        ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့  ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်     ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုး သား    စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ     အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် များ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာ လင်း၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) မှ စစ်ရေးချုပ် အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA  ငြိမ်းချမ်းရေးကောင်စီ    ဒုတိယ  ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊  လားဟူဒီမိုကရက်တစ်     အစည်း  အရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊  ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက   ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်သည့်           ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင် သုံးရက်  တာ ဆွေးနွေးညှိနှိုင်းချက်များအရ  အပြီးသတ်ရရှိသည့်  သဘောတူညီ ချက်များကို အတည်ပြုလက်မှတ် ရေးထိုးပြီး အပြန်အလှန် လဲလှယ် ခဲ့ကြသည်။

 


ယင်းနောက် တက်ရောက်လာ ကြသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ            စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်တို့က နိဂုံးချုပ်အမှာစကား  ပြောကြား ခဲ့ပြီး  ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ကမ္ဘာ့ရေးရာ၊ မြန်မာ ရေးရာ၊      တိုင်းရင်းသားရေးရာ        စာအုပ်များနှင့်       လက်ဆောင် ပစ္စည်းများ      ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်