
ဂျကာတာ ဇွန် ၂၇
အင်ဒိုနီးရှားအရှေ့ပိုင်း တောင်ကုန်းထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့် ပါပူအာ ကုန်းမြင့်ဒေသ ၌ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာမှ သေဆုံးသူ ခြောက်ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့သည်။
ဂျာရာပူရာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီ စီမံကိန်းအကြီးအကဲ မာရီနက်စ်အိုဟိုင်း ရက်က လေယာဉ်ငယ်မှာ မီးအားလုံးလောင်ကျွမ်း သွားခဲ့သဖြင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံးမှာလည်း သေဆုံးသွားခဲ့ကြောင်း ပြောသည်။
ရဟတ်ယာဉ်ကိုအသုံးပြုလျက် သေဆုံးသူများ ကို ဝါမီနာမြို့လေဆိပ်သို့ ပို့ဆောင်ပေးလျက် ရှိကြောင်းနှင့် နောက်ပိုင်းတွင် ဂျာရာပူရာသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါလေယာဉ်ငယ်မှာ လေယာဉ်အမှုထမ်း နှစ်ဦးနှင့် ခရီးသည်လေးဦး လိုက်ပါလာခဲ့ကြောင်း လွန်ခဲ့သော သီတင်းပတ် တနင်္ဂနွေနေ့က ယာလီမို ဒေသရှိ အယ်လ်လီလင်လေဆိပ်မှ နံနက် ၁၀ နာရီ ၅၃ မိနစ်ခန့်တွင် လေယာဉ်ပျံတက်ပြီး ခုနစ် မိနစ်အကြာ၌ လေယာဉ်ထိန်းချုပ်ရေးစင်တာနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရ သည်။
ထို့နောက် နာရီအနည်းငယ်ကြာပြီးနောက် လေယာဉ်အပျက်အစီးများကို အနီးနားရှိ တောအုပ် တစ်ခု၌ တွေ့ခဲ့ရသည်။
ဆင်ဟွာ