တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ မြေပြိုကျမှုဖြစ်ပြီး လေးဦး သေဆုံး

 

ချန်ဒု   ဇွန်    ၂၇ 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၌  ဇွန် ၂၇ ရက် နံနက်ပိုင်းက  မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ရာ  လေးဦး သေဆုံးပြီး သုံးဦးပျောက်ဆုံးခဲ့သည်။ 
အချိန်ခဏတာ      အတွင်း ပြင်းထန်သည့်    မိုးရွာသွန်းမှု ကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။    မြေပြိုကျမှုသည် ဝမ်ချွန်းဒေသ မီယမ်စီမြို့နယ်နှင့် ဝေကျို့မြို့နယ်တို့တွင်   ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ 
ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ လူပေါင်း ၉၀၀ ကျော် မြေပြိုကျမှုဒဏ်ခံစားခဲ့ရပြီး ၎င်းတို့ကို နေရာရွှေ့ပြောင်းပေး ခဲ့ကာ အိုးအိမ်များ  ထိခိုက်ခြင်း မရှိခဲ့ကြောင်း စီရင်စုအုပ်ချုပ်ရေး ဌာနက ပြောသည်။ 
မြေပြိုကျမှုများ  ဖြစ်ပွားပြီး နောက်  ဒေသအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်သား   ၅၀၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်း များတွင်   ကူညီလုပ်ကိုင်နိုင်ရန် စေလွှတ်ခဲ့သည်။ 
ထို့ပြင်     လမ်းများပြင်ရန် ကူညီကယ်ဆယ်ရေး  လုပ်သား များကိုလည်း        စေလွှတ်လိုက်ပြီး  နောက်ထပ်    ပထဝီဝင်ဆိုင်ရာ ဘေးအန္တရာယ်များကို အကဲဖြတ် နိုင်ရန်       စောင့်ကြည့်လျက်ရှိ ကြောင်း သိရသည်။      
 ဆင်ဟွာ