နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇွန်    ၂၇

 


နိုင်ငံတော်၏   ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်      NCA လက်မှတ်ရေးထိုးထားသည့်PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၅)ဖွဲ့  (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့    တွေ့ဆုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်     ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်      ဒုတိယ ဗိုလ်ချုပ်ကြီး             မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်နှင့်  ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  ဥက္ကဋ္ဌ    စောမြရာဇာလင်း၊      ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်  (DKBA)  မှ     စစ်ရေးချုပ်အဆင့်ရှိ  စောစိန်ဝင်း၊  KNU/KNLA   ငြိမ်းချမ်းရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ    ဒေါက်တာနော်ကပေါ်ထူး၊    လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)    ဒုတိယဥက္ကဋ္ဌ ကျာဖူး၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်  (PNLO)   ဦးဆောင်နာယက    ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

 


မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့


ဆွေးနွေးပွဲတွင်   NCA-S EAO   အဖွဲ့များကြား ဆွေးနွေးသဘောတူထားသော ဘုံသဘောတူညီချက် များကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ၊ UWSP ၊ NDAA ၊ SSPP အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO များ၏ သဘော ထားများနှင့်     ပတ်သက်၍     ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏သဘောထား များကို    အပြန်အလှန်    ပွင့်ပွင့်လင်းလင်း  ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ  သဘောတူညီချက်ရယူနိုင်ရန် မူကြမ်းများကို  ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး  ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။

 


ဆက်လက်ကျင်းပသွားမည်


တတိယနေ့  ဆွေးနွေးပွဲကို   ဇွန် ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး   နှစ်ဖက်တူညီ သည့်    သဘောထားများကို   သဘောတူညီချက်များ အဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရ သည်။  

သတင်းစဉ်