
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းဒေသကြီးနယ်မြေအခြေစိုက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး
ရန်ကုန် ဇွန် ၂၄
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင် စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင် ကျော်တို့သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ လွှတ်တော် အဆောက်အအုံရှိ ပယင်းခန်းမ၌ မြန်မာပြည်သူ့ ဒီမိုကရက်တစ် ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင် ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ် များ အဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ရွေးကောက်ပွဲအောင်မြင်ရေး
တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များက နိုင်ငံရေးပါတီများအနေ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင် အင်အား ပြည့်မီအောင် စည်းရုံး ထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများသတ်မှတ် အရေအတွက်အတိုင်း စနစ်တကျ ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာ ရေးစည်းမျဉ်းများကို ညွှန်ကြား ချက်များနှင့်အညီ ရေးဆွဲဆောင် ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက် သွားကြရန်နှင့် စည်းရုံးရေးကာလ အတွင်း ပြည်သူများ အနှောင့် အယှက်မဖြစ်စေရေး သတိပြု အလေးထား ဆောင်ရွက်သွားကြ ရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်ခံရရန် အခွင့်အလမ်း ပိုမို ရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာ အားကောင်းသည့် နိုင်ငံရေးပါတီ များအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန်၊ ထွက် ပေါ်လာမည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းဆိုင်ရာ လမ်းညွှန်ချက် များအရ ရွေးကောက်ပွဲကာလ အတွင်း အောက်ခြေပါတီဝင် အချို့၏ ဥပဒေနှင့်မညီသော စည်းကမ်း ချိုးဖောက်မှုများ ကြောင့် သက်ဆိုင်ရာပါတီများ အပေါ် အကျိုးသက်ရောက်မှု ကြီးမားလာနိုင်သဖြင့် ပါတီဝင် အဆင့်ဆင့်ကို ဥပဒေစည်းကမ်း လိုက်နာရေး တာဝန်ယူထိန်း ကျောင်း ကြပ်မတ်ဆောင်ရွက် သွားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းများတွင် နိုင်ငံရေးပါတီ များ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည် ဖြစ်၍ ရွေးကောက်ပွဲအောင်မြင် ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် ရှင်းလင်းပြောကြား သည်။
ပါတီလုပ်ငန်းများတင်ပြ
ထို့နောက် မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့ရှေ့ဆောင် ပါတီ (People’s Pioneer Party) ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည် တို့က ပါတီလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြ ခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်