
နေပြည်တော် ဇွန် ၂၄
ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် စစ်တွေမြို့ ကစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေ ဘုရားပတ်ဝန်းကျင်နှင့် ကမ်းနား လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် အနောက် ပိုင်း ရေတပ်ကွပ်ကဲမှု ဌာနချုပ် အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူ များအား စတုဒိသာကျွေးမွေး ရန် ပြင်ဆင်ချက်ပြုတ်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ချောင်းနွယ်မင်းဂံ ကျေးရွာ၊ ချောင်းနွယ်မင်းဂံ ကျောင်းတိုက်အတွင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးများမှ အထူးကု ဆရာဝန်ကြီးများက ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ဆေးကုသမှု ခံယူနေကြသူများကို ကြည့်ရှု အားပေးရာ(အပေါ်ယာပုံ) ကျန်းမာ ရေးဝန်ကြီးဌာန တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြသကြပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် ပြည်သူလူထုအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ချောင်းနွယ်မင်းဂံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့် စပ်လျဉ်း သည့် အစုအဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အများစုသည် ကျေးလက်ဒေသ များ၌ တည်ရှိနေသဖြင့် စိုက်ပျိုး ရေး မွေးမြူရေးသမဝါယမအသင်း များ ဖွဲ့စည်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ရည်ရွယ်ချက် တူညီသူများ ဖြင့် သမဝါယမအသင်းများ ဖွဲ့စည်း ပြီး အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မိရိုးဖလာ စပါး မျိုး စိုက်ပျိုးခြင်းထက် ဒေသနှင့် ကိုက်ညီပြီး အထွက်တိုးစေမည့် မျိုးစပါးများကိုသာ စိုက်ပျိုးကြစေ လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များနှင့်အတူ မွေးမြူရေးလုပ်ငန်း များကိုပါ တစ်ပါတည်းဆောင်ရွက် ကြစေလိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လည်း အစုအဖွဲ့ဖြင့် ခြံလှောင်မွေးမြူ သည့်စနစ်ကို ဆောင်ရွက်ကြစေ လိုကြောင်း၊ နို့စားနွား၊ ခိုင်းနွားနှင့် ဒေသန္တရ နွားများ မွေးမြူခြင်း အတွက် နေပီယာမြက်ကို စီးပွား ဖြစ် စိုက်ပျိုးကြစေလိုကြောင်း။
နည်းပညာအကူအညီ လိုအပ် သည်များကို ထောက်ပံ့ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အသား တိုး ကြက်များမွေးမြူရေး ဆောင် ရွက်သွားကြမည်ဆိုပါက လိုအပ် သည်များကို ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေး အတွက် လိုအပ်သည့် သွင်းအားစု များကို လုပ်ထုံးလုပ်နည်းများနှင့် အညီ “မ” တည် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာတွင် သမဝါယမစနစ် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် လုပ်ငန်း များ အောင်မြင်နေမှုကို တွေ့မြင် နိုင်ကြောင်း၊ ကျေးလက်နေပြည်သူ များ လူမှုစီးပွား ဘဝများမြင့်မား ရေးနှင့် ဝင်ငွေတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးနှင့် စပ်လျဉ်းသည့် လိုအပ် သော အကူအညီအထောက်အပံ့ များနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်အဆင့် တာဝန်ရှိသူများက နွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မြစိမ်း ရောင် စီမံကိန်းနှင့်စပ်လျဉ်းသည့် ကဏ္ဍအလိုက် ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ မွေးမြူရေး နှင့် ရေလုပ်ငန်းတို့မှ သမဝါယမ အသင်းကိုယ်စားလှယ်များ၊ မြစိမ်း ရောင် စီမံကိန်းနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသော မွေးမြူရေး အစု အဖွဲ့နှင့် ရေလုပ်ငန်းအစုအဖွဲ့တို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို လည်း ကောင်း သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေး တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည် ထောင်စုဝန်ကြီးက စိုက်ပျိုးရေး မွေးမြူရေးနှင့် စပ်လျဉ်း၍ တွေ့ကြုံ ရသည့် အခက်အခဲများကို မိမိဌာန တာဝန်ရှိသူများနှင့် ဆက်သွယ် တွေ့ဆုံညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ကြစေလိုကြောင်း၊ ပြည်နယ် အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် အလျင်အမြန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် သဘာဝဘေး ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီများအလိုက် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်မပျက် သွက်သွက်လက်လက် မြန်မြန် ဆန်ဆန် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စစ်တွေ မြို့ကို သန့်ရှင်းသာယာလှပသည့် မြို့ဖြစ်စေရန် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် သတ်သတ် မှတ်မှတ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း မှာကြားပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်