FIFA-MFF U-15 Youth League ပြိုင်ပွဲစတင်

 

နေပြည်တော်   ဇွန်  ၂၄

 


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏   ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘောလုံး  အဖွဲ့ချုပ်က  ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ယူ - ၁၅ အသင်းများပါဝင်သည့် FIFA-MFF U - 15 Youth League 2023 (မြန်မာယူ - ၁၅ လိဂ်) ပြိုင်ပွဲ              
အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည် ဇုန် ပွဲစဉ်ပထမနေ့ကို ဇွန် ၂၄ ရက်က  ရန်ကုန် မြို့ရှိ   သုဝဏ္ဏလေ့ကျင့်ရေးကွင်း- ၁  နှင့်  ၂၊   မန္တလေးမြို့ရှိ   မြန်မာဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းများတွင်    စတင်ကျင်းပ သည်။ အောက်မြန်မာပြည်ဇုန် ပထမနေ့ နံနက် ပိုင်းပွဲစဉ်များတွင် Sporting Hantha အသင်း က  အာသာဝတီအသင်းကို  သုံးဂိုး-တစ်ဂိုး၊ Royal Yangon အသင်းက ဖားစည်မြေအသင်း ကို ငါးဂိုး-တစ်ဂိုး၊ ညနေပိုင်းကျင်းပသည့် ပွဲစဉ် များတွင် Red Hawks Yangon အသင်းက ရန်ကုန်တောင်ဇလပ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရာမညအသင်းက ပဲခူးအသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့်  အနိုင်ရရှိသည်။  အထက်မြန်မာပြည်ဇုန် ပထမနေ့တွင်      ချင်းတွင်းစတားအသင်းက ကချင်စတားအသင်းကို ငါးဂိုး-တစ်ဂိုး၊ Soccer Care   အသင်းက    ရှမ်းမြောက်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အောက်မြန်မာပြည်ဇုန်တွင်   အသင်း ၁၂ သင်း၊   အထက်မြန်မာပြည်ဇုန်တွင်    အသင်း  ကိုးသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး နှစ်ကျော့ စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။  အထက် မြန်မာပြည်ဇုန်တွင် ချင်းတွင်းစတားအသင်း၊ ကချင်စတားအသင်း၊ မန္တလာအသင်း၊ ဖန်ခါး မြေမကွေးအသင်း၊    စစ်ကိုင်းယူနိုက်တက် အသင်း၊ ရှမ်း (မြောက်) အသင်း၊ ရှမ်း (တောင်) အသင်း၊ ရှမ်း (အရှေ့)အသင်းနှင့် Soccer Care အသင်း၊ အောက်မြန်မာပြည်ဇုန်တွင် အာသာ ဝတီအသင်း၊ ပဲခူးအသင်း၊ ဖားစည်မြေအသင်း၊ ရခိုင်ယူနိုက်တက်အသင်း၊   Red   Hawks Yangon အသင်း၊  Royal Yangon အသင်း၊  Sporting Hantha အသင်း၊ ရွှေပြည်သာလူငယ် အသင်း၊  Yangon Focus အသင်း၊  ရန်ကုန် တောင်ဇလပ်အသင်း၊ ရာမညအသင်း၊ Young Boys  အသင်းတို့   ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။  ပြိုင်ပွဲကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များတွင် ကျင်းပမည်ဖြစ်ပြီး ဇွန်လမှ ဒီဇင်ဘာလ အထိ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ   ဇုန်တစ်ခုစီမှ   ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းမှာ Play-off  ဗိုလ်လုပွဲ ကစားခွင့်ရမည် ဖြစ်သည်။ Play-off  ပွဲစဉ်များကို ရန်ကုန်မြို့ရှိ  သုဝဏ္ဏကွင်း၌  ဒီဇင်ဘာ ၉ ရက်နှင့်  ၁၀ ရက် တွင် ပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက် လာရေး၊  FIFA, AFC, AFF  လူငယ်ပြိုင်ပွဲများ တွင်   မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ     အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်၏       လမ်းညွှန်ချက်များ အတိုင်း ကျင်းပနေခြင်းဖြစ်သည်။ ကိုညီလေး