
နေပြည်တော် ဇွန် ၂၄
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများ နှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများ တက်ရောက်ကြသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် မိမိတို့ တတ်ကျွမ်းထားသည့် အားကစားပညာရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင် အောင် “လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်”၊ “တုံးတိုက်တိုက်ကျားကိုက် ကိုက်စိတ်ဓာတ်” များဖြင့် အောင်မြင်မှု များရရှိအောင် စွမ်းဆောင်ခဲ့ကြသည့် အားကစားသမားများကို ယခုကဲ့သို့ ဂုဏ်ပြုပေးခြင်းသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ပေးခြင်းနှင့် မျိုးဆက်သစ် အားကစားသမား မောင်မယ်များ အနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ် များ ပိုမိုတိုးပွားပြီး အားကျအတုယူစေ နိုင်ရေးအတွက်ပင်ဖြစ်ကြောင်း။
“(၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့ အား အပ်နှင်းလိုက်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အလံတော် သည် နိုင်ငံတော်၏ ဂုဏ်ဒြပ်သာမက အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြု နေသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံတလူလူ လွင့်ပျံ နေစေရေး ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားရန်” ဟူ၍ မိမိ ကိုယ်တိုင် အားကစားသမားများကို ပြိုင်ပွဲ မသွားရောက်မီ အောင်နိုင်ရေးအလံ အပ်နှင်းစဉ် မှာကြားခဲ့ကြောင်း၊ မှာကြား ချက်နှင့်အညီ မိမိတို့ထံရောက်ရှိလာသည့် ရည်မှန်းချက်တာဝန်များအပေါ် နိုင်ငံ့သား ကောင်း၊ တပ်မတော်သားကောင်းဟူသည့် စိတ်ဓာတ်ခံယူချက်များဖြင့် အမိ နိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည် စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်း အားဖြင့် မြန်မာပီသသည့်စိတ်ကို ပြသခဲ့ ကြသည့် တပ်မတော်သားအားကစား သမားများနှင့်တကွ အားကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူ အသိအမှတ်ပြုပါကြောင်းကို ပြောကြား လိုကြောင်း။
အားကစားသမားများအနက် မသန် စွမ်းအားကစားသမားများသည် သာမန် အားကစားသမားများထက် ပိုမိုထက်သန် ပြင်းပြသည့် ပြိုင်ပွဲဝင်စိတ်ဓာတ်မျိုးနှင့် ကြိုးစားအားထုတ်မှုမျိုးရှိမှ အောင်မြင် မှုရရှိနိုင်သည်မှာ အထင်အရှားပင်ဖြစ် ကြောင်း၊ ယခုကဲ့သို့ အဆင့်အတန်းဂုဏ် သိက္ခာရှိသည့် နိုင်ငံတကာအားကစား ပြိုင်ပွဲတစ်ရပ်တွင် နိုင်ငံတော်ကိုယ်စား ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြ သည့် အောင်ပွဲရ မသန်စွမ်းအားကစား သမားများသည် မသန်စွမ်းဖြစ်သော်လည်း သာမန်လူများနည်းတူ မိမိတို့ဘဝ ရပ်တည်မှုနှင့် ထူးချွန်အောင်မြင်မှုများကို ရယူဖန်တီးနိုင်စွမ်းရှိသည်ကို လက်တွေ့ သက်သေပြလိုက်ကြခြင်းပင် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက် ခန္ဓာ အစိတ်အပိုင်း ပေးလှူခဲ့ရသူများက စိတ်ဓာတ်ခိုင်မာပြင်းပြစွာဖြင့် အောင်မြင် မှုရရှိအောင် စွမ်းဆောင်မှုများအတွက် ချီးကျူးဂုဏ်ပြုလိုကြောင်း၊ ထို့အပြင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် အခြားတပ်မတော်သား များကိုလည်း မိမိတို့၏ ကျန်းမာရေး အတွက်ပင်ဖြစ်စေအားကစားကို လေ့လာ လိုက်စားကြစေရေး လှုံ့ဆော်ပေးသွားကြ ရန် တိုက်တွန်းမှာကြားလိုကြောင်း။
အားကစားနည်းအများစုသည် ကာယ အား၊ ဉာဏအားများနှင့် ယှဉ်ပြိုင်ကြရ သည့် သဘောရှိသည်ကို တွေ့ရှိရကြောင်း၊ အများစုသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအခြေ တည်ပြီး ယှဉ်ပြိုင်ကြရလျက်ရှိကြောင်း၊စိတ်ရှည်သည်းခံမှုအပြည့်နှင့် လေ့ကျင့် နည်းစနစ်မှန်ကန်ပြီး သက်လုံကောင်းမွန် ရန်လည်း လိုအပ်ကြောင်း၊ လက်ဝှေ့၊ ဂျူဒို၊ အလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများမှ ကိုယ်ကာယကြံ့ခိုင်မှုအပြင် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေ ကြရသည့် တပ်မတော်သားများအတွက် တိုက်ပွဲဝင်အသင့်ဖြစ်စေသည့် ကာကွယ် ရေးစွမ်းအားများကိုပါ ရရှိစေမည်ဖြစ် ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် တပ်မတော်သား အားကစားသမားများအနေဖြင့် ကာကွယ် ရေးနှင့်ဆိုင်သည့် ကိုယ်ခံပညာရပ်များ တွင် ဆုအသီးသီးရရှိခဲ့ကြသကဲ့သို့ နည်းပြ များအနေဖြင့်လည်း ထိုနည်းအတိုင်း စွမ်းဆောင်ပေးနိုင်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ရိုးရာ အားကစားနည်း ပြိုင်ပွဲများတွင်လည်း ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်သည်အထိ စွမ်း ဆောင်ရည်များကို ပြသနိုင်ခဲ့ကြကြောင်း၊
အနိုင်မခံအရှုံးမပေး စိတ်ဓာတ် အပြည့်ဖြင့် နောက်ဆုံး မိနစ်၊ နောက်ဆုံး စက္ကန့်အထိ ခက်ခဲသည့် အင်အားကြီး ပြိုင်ဘက်များကို မလျှော့သော ဇွဲ၊ လုံ့လ များဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများ အပါအဝင် အမျိုးသမီးအားကစားသမား များ၏ ပုံရိပ်များသည် ပြည်သူများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း။
မိမိတို့တပ်မတော်၌ တပ်ခွဲအလိုက် အားကစားပြိုင်ပွဲများမှတစ်ဆင့် တပ်ရင်း အလိုက်ပြိုင်ပွဲများ၊ ထိုမှတစ်ဆင့် တိုင်း အလိုက်ပြိုင်ပွဲများမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား အားကစားပြိုင်ပွဲများ ကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိနေ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အားကစားသည် ကျန်းမာရေးအတွက် ကောင်းကျိုး အဖြာဖြာကိုရရှိစေသကဲ့သို့ စည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ကောင်းစွာ အထောက်အကူ ပြုလျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ရာ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်)ပြိုင်ပွဲ ၌ ရွှေတံဆိပ်ဆုနှင့် ပိုက်ကျော်ခြင်း (အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် အောင်ဇော်၊ ခြင်းလုံး (ကွင်းသွင်း) (အသင်းလိုက်) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယ အရာခံဗိုလ် အောင်ကျော်မိုး၊ တပ်ကြပ် ကျော်ဇေယျာဝင်းနှင့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ် (မီတာ ၈၀၀)(တစ်ဦးချင်း)ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(မီတာ ၁၅၀၀) (တစ်ဦးချင်း) ပြိုင်ပွဲတို့၌ ရွှေ တံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၄၀၀) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (မီတာ ၄၀၀ လက်ဆင့်ကမ်း) (အသင်းလိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ်မောင်လင်း အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆု ငွေများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်၏ ဇနီးက (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ၌ ငွေတံဆိပ် ဆုရရှိခဲ့သည့် အရပ်သားအစားခန့် ဝန်ထမ်း မမေဇင်နွယ်နှင့် မအေးအေးမိုး တို့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ် (လှံတံပစ်)(တစ်ဦး ချင်း) ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (သံပြားပစ်) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် တင်ညို၊ ပြေးခုန်ပစ် (မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေ တံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၂၀၀)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၁၀၀) (အသင်းလိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (မီတာ ၄၀၀) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ကြေး တံဆိပ်ဆု တို့ကိုရရှိခဲ့သည့် တပ်ကြပ်ကြီး စိုးပေ၊ ပြေးခုန်ပစ်(သံပြားပစ်) (တစ်ဦး ချင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေ တံဆိပ်ဆုတို့ကို ရရှိခဲ့သည့် တပ်ကြပ် အောင်ထွန်းလင်းနှင့် ပြေးခုန်ပစ် (သံပြားပစ်) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ရွှေ တံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး တို့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးက (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘောလုံး(အမျိုး သမီး) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် အရပ်သားအစားခန့် ဝန်ထမ်း မရူပါခိုင်နှင့် မခင်သန်းဝေတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း(အသင်းလိုက်)ပြိုင်ပွဲများ ၌ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိခဲ့ သည့် ဒုတိယအရာခံဗိုလ် သန့်ဇင်ဦး၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (သံလုံး ပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် တပ်ကြပ်ဇော်မင်းလွင်၊ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကာယ ဗလ(၅၅ ကီလိုတန်း)(တစ်ဦးချင်း) ပြိုင်ပွဲ ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ပြည့်ဖြိုး၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရေကူး (မီတာ ၁၀၀ အလွတ်ကူး)(တစ်ဦး ချင်း) ပြိုင်ပွဲနှင့် (မီတာ ၄၀၀ အလွတ်ကူး)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု(၂) ဆု ရရှိခဲ့သည့် ဒုတိယတပ်ကြပ် စိုးဝင်း တို့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ် ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော် သားအားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြ သည်။
ကျေးဇူးတင်စကားပြန်လည်ပြောကြား
ထို့နောက် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူ များ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ ဂုဏ်ဆောင် တပ်မတော်သား အားကစား သမားများနှင့် အုပ်ချုပ်သူနည်းပြများ ကိုယ်စား တပ်ကြပ်ကြီး စိုးပေက ကျေးဇူး တင်စကားပြောကြားရာတွင် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် အတွေ့ အကြုံများနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ သည့် အခြေအနေများကို ဦးစွာ ရှင်းလင်း တင်ပြပြီး နိုင်ငံတကာပြိုင်ပွဲများတွင် တပ်မတော်သား အားကစားသမားများ အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်ပွဲ များ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထိုကဲ့သို့ အောင်ပွဲများ ဆွတ်ခူးရရှိခဲ့ခြင်းမှာလည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အားပေးမှု၊ ပံ့ပိုးကူညီမှုများကြောင့်ပင် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် ကာလအတွင်း ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက် တန်တန် ချီးမြှင့်ပေးခဲ့သည့်အပြင် ဆုတံဆိပ် အမျိုးအစားအလိုက် ယခင်နှင့် မတူ ထပ်မံချီးမြှင့်ပေးမှုများကို ပြုလုပ်ပေး ခဲ့သည့်အတွက် ယခုကဲ့သို့ အောင်မြင်မှု များ ရရှိခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ မိမိတို့ တပ်မတော်သား အားကစားသမားများနှင့် ဆုတံဆိပ်ရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ များအား တစ်ဆင့်မြင့်ရာထူးတိုးပေးခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူ များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ နောင်တွင်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ များတွင်လည်း နိုင်ငံတော်နှင့် တပ်မတော် ကို ကိုယ်စားပြု၍ ယခုထက်အောင်မြင် မှုများ ပိုမိုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွား မည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို အစွမ်းကုန်မြှင့်တင်သွားမည်ဖြစ် ကြောင်းကို ကတိပြုပြောကြားလိုပါ ကြောင်း ပြောကြားသည်။
ဂုဏ်ပြုဖျော်ဖြေ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား လက်ဖက် ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး မြဝတီ တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူ များ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ ဂုဏ်ဆောင် တပ်မတော်သားအားကစား သမားများနှင့် အုပ်ချုပ်သူနည်းပြများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်