ဘာစီလိုနာအသင်းသို့ ဂန်ဒိုဂန် ပြောင်းရွှေ့ကစားမည်

 

မန်စီးတီးအသင်းခေါင်းဆောင်   ဂန်ဒိုဂန်သည်    ယခုလကုန်တွင်  အသင်းနှင့်    စာချုပ်သက်တမ်း   ကုန်ဆုံးပြီးနောက်  အလွတ် ပြောင်းရွှေ့ကြေးဖြင့်   ဘာစီလိုနာအသင်းသို့  ပြောင်းရွှေ့မည်ဖြစ် ကြောင်း သိရသည်။ 

 


ယခုနှစ်ရာသီ မန်စီးတီးအသင်း  ဖလားသုံးလုံးဆွတ်ခူးရရှိရာ တွင် အရေးပါသော   ကစားသမားတစ်ဦးအဖြစ်ရှိနေသည့် အသက်   ၃၂ နှစ်အရွယ် ဂန်ဒိုဂန်ကို   နည်းပြ   ဂွါဒီယိုလာက   အသင်းတွင် ထိန်းထားရန် ဆန္ဒရှိသည်။  

 


၎င်းသည် ပြီးခဲ့သည့်ရာသီက အသင်းအတွက်  ပြိုင်ပွဲစုံ ၅၁    ပွဲတွင်  ၁၁ ဂိုးသွင်းယူပေးထားနိုင်သည်။              

 

 အောင်ဇော်