
ဝါရှင်တန် ဇွန် ၂၃
၁၉၁၂ ခုနှစ်က ရေခဲတုံးကြီးကို တိုက်မိကာ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ ခန့် သေဆုံးခဲ့ သည့် တိုက်တန်းနစ်သင်္ဘောပျက်ကြီးရှိရာသို့ သွားရောက်လေ့လာခဲ့သည့် ယာယီရေငုပ်သင်္ဘော ငယ်သည် ပြီးခဲ့သော တနင်္ဂနွေနေ့က ၎င်း၏ ခရီးစဉ်စတင်ပြီး မကြာမီမှာပင် ပိုလာပရင့်စ် သုတေသနသင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့်အတွက် ရှာဖွေကယ်ဆယ် ရေးသမားများက မြောက်အတ္တလန္တိတ်သမုဒ္ဒရာ တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ယာယီရေငုပ် သင်္ဘောပျောက်သွားသည့်နေရာ၌ အပျက်အစီး များကို ရှာဖွေတွေ့ရှိခဲ့ကြပြီဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်သွား ယာယီ ရေငုပ်သင်္ဘောငယ်ပေါ် လိုက်ပါသွားခဲ့ကြသည့် ဗြိတိန်စီးပွားရေးသမား စူးစမ်းရှာဖွေသူ ဟာမစ် ဟာဒင်၊ ပါကစ္စတန်စီးပွားရေးသမား ရှာဇာဒါ ဒေါဝုဒ်နှင့် ၎င်း၏သား ဆူလ်မန်ဒေါဝုဒ်၊ ပြင်သစ် စူးစမ်းလေ့လာသူ ပေါလ်အော်နရီဂျီအောလေးနှင့် ပိုင်းလော့တစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း လည်း သိရသည်။ အဆိုပါခရီးစဉ်ကို လိုက်ပါနိုင် ရန် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ပေးခဲ့ရကြောင်း သိရသည်။
ကနေဒါသင်္ဘော၏ အဝေးထိန်းစနစ်သုံး ရေနက်သွားယာဉ်က အဆိုပါ အပျက်အစီးများ ကို ပင်လယ်ကြမ်းပြင်တွင် တွေ့ရှိခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိများကပြောကြားခဲ့သည်။ တွေ့ရှိခဲ့သော အပျက်အစီး အစိတ်အပိုင်းကြီးငါးခုမှာ အဆိုပါစူးစမ်းလေ့လာ ရေးခရီးသွားရေယာဉ်မှဖြစ်ကြောင်း ၎င်းတို့က ယူဆကြသည်။ အဆိုပါ ရေယာဉ်ပေါ်လိုက်ပါ လာခဲ့ကြသည့် သေဆုံးသွားပြီဟု ယူဆရကြောင်း ကို ၎င်းတို့၏ မိသားစုဝင်များထံ သတင်းပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
ရှာဖွေရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အသေးစိတ်အချက် အလက်များကို ထပ်မံဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ