(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်    ဇွန်    ၂၃
(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီ ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အာဇာနည် နေ့အခမ်းအနား    ကျင်းပရေး   ဗဟိုကော်မတီဥက္ကဋ္ဌ   သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီး ချုပ်    ဦးစိုးသိန်း၊    လုံခြုံရေး ကော်မတီဥက္ကဋ္ဌ     ပြည်ထဲရေး ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ရဲချုပ်   ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးအောင် စောဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်   တိုင်းဒေသကြီး    ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ဆပ်ကော်မတီများမှ          တာဝန်ရှိသူများ  တက်ရောက်ကြ သည်။
အခမ်းအနားတွင်       ပြည် ထောင်စုဝန်ကြီး ဦးကိုကိုက (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို ယခင်နှစ်များအတိုင်း အခမ်းအနား    (၄)   ရပ်ဖြင့် ဆောင်ရွက်သွားမည်    ဖြစ်ပါ ကြောင်း၊  အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ အား လွမ်းသူ့ပန်းခွေချအလေးပြုအခမ်းအနား၊      အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)   တွင် နိုင်ငံတော်အလံတိုင်  တစ်ဝက် လွှင့်ထူခြင်းအခမ်းအနား၊ ရန်ကုန် မြို့နှင့်   နေပြည်တော်တို့တွင် ကျင်းပပြုလုပ်မည့်   အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး ၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားနှင့် အများပြည်သူ များ ကြည့်ရှုလေ့လာရန် ရန်ကုန် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်၊   အတွင်းဝန်ရုံး  (ယခင် ဝန်ကြီးများရုံး)ရှိ      အာဇာနည် ခေါင်းဆောင်ကြီးများ       ကျဆုံးခဲ့ သည့်   အစည်းအဝေးခန်းမနှင့် နတ်မောက်မြို့ရှိ        ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်ပြသသွားမည်           ဖြစ် ကြောင်း။
အာဇာနည်       ဗိမာန်တွင် ဆောင်ရွက်မည့် အာဇာနည်ခေါင်း ဆောင်ကြီးများအား လွမ်းသူ့ပန်း ခွေချ အလေးပြုအခမ်းအနားနှင့် စပ်လျဉ်း၍   နိုင်ငံတော်အခမ်း အနားဖြစ်သည့်အတွက် သက်ဆိုင် ရာ           ဆပ်ကော်မတီများက ကြိုတင်စီစဉ်   ဆောင်ရွက်ထားရှိ ရန်နှင့်   ယခုကျင်းပမည့်  အခမ်း အနားတွင် အားနည်းချက် မရှိစေ ရေး    အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန်   ပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အာဇာနည်နေ့ အခမ်းအနား   ကျင်းပနိုင်ရေး အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို  ရှင်းလင်းတင်ပြပြီး လုံခြုံရေးကော်မတီဥက္ကဋ္ဌ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်  ဗိုလ်ချုပ်ဇင်မင်းထက်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက   ရန်ကုန် အခြေစိုက်  နိုင်ငံရေးပါတီများ ဖိတ်ကြားမှုများနှင့်  စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။ 
ဆက်လက်၍  သက်ဆိုင်ရာ ဆပ်ကော်မတီများမှ  တက်ရောက် လာသူများက (၇၆)  နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ နိုင်ရေးနှင့်   ပတ်သက်၍   တင်ပြ ဆွေးနွေးကြရာ   ပြည်ထောင်စု ဝန်ကြီးက  ဖြည့်စွက်ဆွေးနွေးပြီး ဆပ်ကော်မတီအလိုက်  ပေးအပ် ထားသော တာဝန်များကို ကျေပွန် အောင်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးကို  အထူးဂရုပြုပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။    
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်  တာဝန်ရှိသူများနှင့် အတူ မေ ၂၅ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ ဆရာတော်ကြီး  ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၏    အန္တိမအဂ္ဂိ ဈာပနအခမ်းအနားသို့ ကြွရောက် တော်မူခဲ့ပြီး ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ      ဟံသာသီရိကုန်း စိန်ရတုကျောင်းဆောင်၌   ခေတ္တ သီတင်းသုံးတော်မူလျက်ရှိသော အိန္ဒိယနိုင်ငံ ယူဗီပြည်နယ် ဥတ္တရ ခရိုင်   ကုသိနာရုံမြို့  ကုသိနာရုံ မြန်မာကျောင်း         ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး  ဆရာတော် ကြီး၏ ကျန်းမာရေးအခြေအနေ နှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထား၍  ဆရာတော်ကြီး ထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်