
ဝေယံမောင်
ယုံယုံကြည်ကြည် ထီထိုးသူများတွင် ကျွန်တော် လည်းပါပါသည်။ ထိုးသလောက်လည်း ပေါက်ခဲ့ သည်ကိုး။ ဒီလိုပေါက်လို့လည်း ပုံမှန်နီးပါး ထိုးဖြစ် နေသည်။ ထီဆု ကြီးသည်၊ သေးသည်ထက် ကိုယ့်ကံ ကို စမ်းသပ်ခြင်းဟု မှတ်ယူပါသည်။ သို့သော် ကျွန်တော့်အားနည်းချက်က ထီကို ထိုးရုံသာ၊ အားထည့်ပြီး တိုက်လေ့တိုက်ထမရှိပါ။ ပေါက်ခဲ့ သည့် ၁၅ ကြိမ်လုံးသည် ထီဆိုင်၊ မိသားစုက အကြောင်းကြား၍ သိရခြင်းသာဖြစ်သည်။ အခု တော့ ဒီပြဿနာတွေ ပြေလည်ပါပြီ။
ထီဆုငွေကို လွယ်လင့်တကူထုတ်ယူနိုင်
လူတိုင်းနီးပါး မိုဘိုင်းတယ်လီဖုန်းကိုင်နေသည့် ခေတ်ကြီးတွင် ကိုယ့်ဖုန်းနံပါတ်နှင့် ကိုယ့်ဖုန်းကို အသုံးပြုပြီး ကိုယ့်စိတ်ကြိုက်ဂဏန်းကို ကိုယ့်စိတ် ကြိုက်အက္ခရာနှင့် ရွေးချယ်နိုင်သည့် အခွင့်အလမ်း၊ ဘယ်ကိုမှ သွားရန်မလို ဘယ်သူ့ကိုမှ ထီထိုးခိုင်းရန် မလိုဘဲ အချိန်အခါမရွေး၊ နေရာဒေသမရွေး ထိုးနိုင် သည့်အခွင့်အရေး၊ ထီတိုက်စရာမလို ပေါက်သည်ကို အကြောင်းကြားပေးမှုအပါအဝင် ထီဆုငွေကို လွယ်လင့်တကူ ထုတ်ယူနိုင်သည့်ဝန်ဆောင်မှုတို့က ကျွန်တော့်အတွက် နှစ်သက်ကြည်နူးစရာဖြစ်သည်။ ထီဝါသနာအိုးအများစုလည်း ဤနည်းနှင်နှင် ဖြစ်ပါ လိမ့်မည်။
လူတိုင်းက ကြီးပွားချင်ကြသည်၊ ချမ်းသာချင် ကြသည်။ စားဝတ်နေမှု ချောင်လည်လိုကြသည်။ ဤသည်ကို ဖန်တီးနိုင်သည်က ငွေကြေးမဟုတ်ပါ လော။ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အလုပ်ကိုယ်စီ လုပ်ကိုင်နေရခြင်းသည် စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေနေရခြင်းဖြစ်သည်။ ငွေလိုအပ်သည်၊ ငွေလိုချင်သည် ၊ ငွေရှိလျှင် ကိုယ်အလိုရှိသည်များကို ဆောင်ရွက်နိုင်သည်၊ ငွေကြေးဖူလုံလျှင် ဘဝနောင် ရေး စိတ်အေးရသည် စသဖြင့် ငွေကြေးသည် ဘဝတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ် သည်။ ဖြူစင်သောငွေကြေးဖြင့် ဘဝတက်လမ်း တည်ဆောက်သွားသူရှိသလို သမ္မာအာဇီဝ နည်းလမ်းဖြင့် မဟုတ်သော ငွေကြေးများကြောင့်ပင် ဘဝပျက်သွားသူများလည်းရှိကြသည်။
ဘေးအန္တရာယ်ကင်းစွာဖြင့် ကြီးပွားချမ်းသာ မှုကို ထိထိရောက်ရောက် အထောက်အကူပြုနိုင် သည်များတွင် ထီဆုကြီးပေါက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အောင်ဘာလေထီသည် အစိုးရက တရားဝင်ဖွင့်လှစ်ရောင်းချခြင်းဖြစ် သဖြင့် ဥပဒေနှင့်မညီမှာ ပူစရာမလို၊ ထီရောင်းချငွေမှ သတ်မှတ်သည့်ရာခိုင်နှုန်းကို နိုင်ငံ့အခွန်ဘဏ္ဍာ အဖြစ် သတ်မှတ်၍ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး စသည်တို့တွင် အသုံးပြုခြင်းဖြစ်သဖြင့် ထီမပေါက် လျှင်တောင် လှူဒါန်းမှုတစ်ခုအဖြစ် ကြည်နူးနိုင်ပါ သေးသည်။ ထီပေါက်၍ ဖြစ်တည်လာသော ပိုင်ဆိုင်မှုများအပေါ် စိုးရိမ်ကြောင့်ကြမှု မရှိရခြင်း သည်လည်း ရင်လေးစရာမလိုသည့် ဘဝင်အေးစရာ တစ်ခုဖြစ်ပါ၏။
မီဒီယာများတွင် အသိပေးလျက်ရှိ
အွန်လိုင်းအောင်ဘာလေသိန်းထီကို ယခု ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ထီထိုးသူများ လွယ်ကူစေရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်၊ ပေးနိုင်သော ဝန်ဆောင်မှုများ၊ မရှင်း လင်းပါက စုံစမ်းရန် ဖုန်းနံပါတ်များဖြင့် မီဒီယာ များတွင် တွင်တွင်ကျယ်ကျယ် အသိပေးလျက် ရှိရာ အလွယ်တကူ သိရှိလုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
“လှံထမ်းလာတာ မြင်ရသည်၊ ကံထမ်းလာတာ မမြင်ရ”ဟု ဆိုးရိုးစကားရှိသည်။ ကျွန်တော် ကတော့ ဒီဆိုရိုးလေးကို ပြင်လိုက်ချင်သည်။ လှံထမ်းလာတာလည်း မြင်ရသလို အောင်ဘာလေ ထီဖြင့် ကံထမ်းလာသည်ကိုလည်း တွေ့နေရပါပြီ။ ဒါကြောင့်လည်း ချစ်ဆွေတို့ကို လက်တို့ အသိပေး လိုက်ပါသည်-
“အွန်လိုင်းမှာ အလွယ်တကူ ထိုးနိုင်ပြီ အောင်ဘာလေထီ
ကိုယ်ထိုးမှ ကိုယ်ရမည် အောင်ဘာလေထီ” ။ ။