သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇွန်    ၂၂
သဘာဝဘေးအန္တရာယ် ကျရောက် ခဲ့ရသည့်  ဒေသများတွင်  လိုအပ် သည့်    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်       ကူညီ ကယ်ဆယ်ရေး     အဖွဲ့များသည်  နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများ တွင်  အင်တိုက်အားတိုက်  ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ    ယနေ့တွင်    ပုဏ္ဏားကျွန်း မြို့၌   ရောက်ရှိနေသည့်      ကူညီ ကယ်ဆယ်ရေး     အဖွဲ့များသည်    ပုဏ္ဏားကျွန်းမြို့ရှိ  အခြေခံပညာ အထက်တန်းကျောင်း  (ခွဲ)      ၌   အမှိုက်များ     ရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်း    လုပ်ငန်းများ     ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထို့အတူ ဘူးသီးတောင်မြို့၌  ရောက်ရှိနေသည့်    ကူညီကယ် ဆယ်ရေးအဖွဲ့များသည်  လက်ဝဲ ဒက်ပြင်ချေကျေးရွာ၌  မြက်ပင်၊ ပေါင်းပင်များ       ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိသည်။ 
အလားတူ ကျောက်ဖြူမြို့၌  ရောက်ရှိနေသည့်      ကူညီကယ် ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေး         အဖွဲ့များနှင့် ပူးပေါင်း၍    တိုးချဲ့ရပ်ကွက်ရှိ   ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်ခြင်း  လုပ်ငန်း  များ    ကူညီဆောင်ရွက်ပေးပြီး ပြည်နယ်အစိုးရမှ   စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့် များ  လှူဒါန်းပေးခဲ့သည်။   
ထို့အတူ   မောင်တောမြို့၌ ရောက်ရှိနေသည့်   ကူညီကယ် ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေး            အဖွဲ့များနှင့် ပူးပေါင်း၍ ဝေသာလီရပ်ကွက်ရှိ မင်းထန်နိကာယ         ဝေသာလီ ကျောင်းတိုက်၌ သံဃာတော်များ နှင့်     ဒေသခံ   ပြည်သူများအား ကျန်းမာရေး      စောင့်ရှောက်မှု လုပ်ငန်းများ   ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အလားတူ      စစ်တွေမြို့၌ ရောက်ရှိနေသည့်   ကူညီကယ် ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေး         အဖွဲ့များနှင့်  ပူးပေါင်း၍ အလားတန်ကျေးရွာရှိ  ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ကူညီ      ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်