
နေပြည်တော် ဇွန် ၂၂
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၃)ကို ယနေ့ တွင် နေပြည်တော်ကောင်စီနယ် မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟို ဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)နှင့် ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှ ဗဟိုကောင်စီဝင် များ၊ ဗဟိုကောင်စီဝင် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ မှ ဗဟိုကောင်စီဝင်များက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ပုံမှန်ကျင်းပ ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်း ဟောင်းအဖွဲ့ အဆင့်ဆင့်၏ နှစ်ပတ်လည် အစည်းအဝေးများ နှင့် ရွေးကောက်တင်မြှောက်ပွဲ များကို အခက်အခဲများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ဗဟိုကောင်စီဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုကောင်စီဝင်များ အနေဖြင့် တစ်နှစ်တာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရန် ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း၊ စီးပွားရေး အခြေခံ ကောင်းအောင် ကြိုးစားဆောင် ရွက်ကြရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင် ရွက်ကြရန် လိုအပ်ကြောင်း တိုက် တွန်းပြောကြားသည်။ (အောက်ဝဲပုံ)
ထို့နောက်၂၀၂၂-၂၀၂၃ ခုနှစ် ကာလအတွက် ဗဟိုအမှုဆောင် အဖွဲ့အစီရင်ခံစာ အနှစ်ချုပ်ကို ဗဟိုအမှုဆောင်အဖွဲ့ အတွင်း ရေးမှူးက ဖတ်ကြားတင်ပြပြီး လုပ်ငန်းအဖွဲ့များအလိုက် တင်ပြ ချက် သုံးသပ်ချက်များကို လုပ်ငန်း အဖွဲ့ အတွင်းရေးမှူးများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုအမှုဆောင် အဖွဲ့ ဘဏ္ဍာရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရသုံး မှန်းခြေငွေစာရင်းကို ဖတ်ကြား ခြင်း၊ အတည်ပြုခြင်းများ ဆောင် ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော် အရာရှိကြီးများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင် ခံစာများကို အွန်လိုင်းစနစ်ဖြင့် ဖတ်ကြားတင်ပြရာ ဆွေးနွေး တင်ပြမှုများနှင့် ပတ်သက်၍ ဗဟို အမှုဆောင် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေး ခြင်း၊ တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့များတွင် လစ်လပ်တာဝန် နေရာများကို အစားထိုး ခန့်အပ်ခြင်း၊ ဗဟို အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို အတည်ပြုခြင်း၊ မှတ်တမ်းတင် ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း များ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံး ချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။ သတင်းစဉ်