ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှ ဆောင်ရွက်ချက်များ

 

တွေ့ဆုံမေးမြန်း- ဝင်းဝင်း
 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန  (Disaster Management Center- DMC)သည်  မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး  အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ  မိုခါ မုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့်  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

 

မေး    ။    ။    မိုခါမုန်တိုင်းမဖြစ်ပွားမီ  ကျန်းမာရေး 
            ကဏ္ဍအနေနဲ့        ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတွေကို   ပြောပြပေးစေလို ပါတယ်ရှင့်။ 
ဖြေ    ။    ။ ကျန်းမာရေးဝန်ကြီးဌာနက မိုးတွင်းကာလ 
            နီးလာပြီဆိုရင်      မိုးတွင်းကာလမှာ ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ  ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလာပါက တုံ့ပြန် ဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို လုပ်ဆောင်နိုင်ဖို့  ကြိုတင်ပြင်ဆင်လေ့ရှိပါ တယ်။ 
ယခုနှစ်မိုးရာသီအတွက်    ကြိုတင်ပြင်ဆင်ခြင်း အနေနဲ့     ပြည်ထောင်စုဝန်ကြီး    ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ      စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဦးစီးဌာနအသီးသီးက ကော်မတီဝင်တွေ  ပါဝင်ပြီး သဘာဝဘေးအန္တရာယ်တွေ    ကျရောက်လာရင် အဆင်သင့်ဖြစ်စေရေး  စွမ်းအားစုတွေကို ဆန်းစစ် ပြီး လိုအပ်တာတွေကို      အသင့်ပြင်ဆင်ထားရှိဖို့၊ အရေးပေါ်ဆက်သွယ်မှုလမ်းကြောင်း  ဖွင့်လှစ်ထား ရှိဖို့၊ အရေးပေါ်      တုံ့ပြန်ဆောင်ရွက်မှုတွေကို တုံ့ဆိုင်းမှုမရှိ   ဆောင်ရွက်နိုင်ဖို့     ဇာတ်တိုက် လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ထားဖို့၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊    နှီးနွှယ်ဌာနတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့     ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ Coordination Mechanism ကို ခိုင်မာအောင် ဆောင်ရွက်နိုင်ရေးကို    ဆွေးနွေးခဲ့ပါ တယ်။ 
ဧပြီလအတွင်းမှာပဲ  သဘာဝဘေးနဲ့    ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ပွားလာရင် ကူးစက်ရောဂါဖြစ်ပွားမှုအပါအဝင်     လိုအပ်တဲ့ ကျန်းမာရေး      သတင်းအချက်အလက်တွေကို စောစောစီးစီး ရယူနိုင်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ်တွေက    ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို    စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် Early Warning, Alert and Response System(EWARS)   (စောစီးစွာသတင်း ရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်) သင်တန်း ကို ဖွင့်လှစ်ပြီး သင်ကြားပို့ချခဲ့ပါတယ်။ 
နောက်ပြီး သဘာဝဘေးအန္တရာယ်      ကြိုတင် ပြင်ဆင်နိုင်ရေးအတွက်   ကျန်းမာရေးကဏ္ဍအနေနဲ့ မေ ၅ ရက်မှာ         ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေး ဦးစီးဌာနတွေက တာဝန်ရှိသူတွေနဲ့    သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊   အသင့် အနေအထားအခြေအနေအတွက် လိုအပ်တာတွေ ကို ပြည်နယ်တစ်ခုချင်း၊   တိုင်းဒေသကြီးတစ်ခုချင်း အလိုက် အသေးစိတ်လမ်းညွှန်တဲ့    ညှိနှိုင်းအစည်း အဝေး ဆောင်ရွက်ခဲ့ပါတယ်။ 
ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်မှာကို သိရ တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မေ ၇ ရက်ကစပြီး   ကျန်းမာရေးဝန်ကြီးဌာနမှာ  ပြည်သူ့ ကျန်းမာရေးအရေးပေါ် စီမံခန့်ခွဲမှုဗဟိုဌာန (Public Health Emergency    Operations   Centre- PHEOC)ကို ၂၄ နာရီ ဖွင့်လှစ်ပြီး တာဝန်ချထားခဲ့ပါ တယ်။ မိုခါမုန်တိုင်းဖြစ်ပွားပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ရပ်တန့်မှုမရှိဘဲ    ချက်ချင်း ဆောင်ရွက်ပေးနိုင်ဖို့ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်၊ ဆေးနဲ့ ဆေးပစ္စည်း၊ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာ    စတာတွေနဲ့      ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအနေနဲ့      စီမံခန့်ခွဲမှုတွေကို   ဆောင်ရွက်ခဲ့ပါတယ်။ 
မေး    ။    ။     ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် 
            မှုပေးနိုင်ဖို့ ပြင်ဆင်ထားရှိမှုကို  သိလိုပါ တယ်။
ဖြေ    ။    ။    အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန(PHEOC)
            ကို စတင် Activate လုပ်တဲ့ မေ ၇ ရက်မှာပဲ ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတွေနဲ့ အရေး ပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။  တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ     သဘာဝဘေး ဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရေး အထူးကုဆေးအဖွဲ့တွေ၊   ဆေးအဖွဲ့တွေ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ကြိုတင်ဖွဲ့စည်းထား ရှိမှု၊ ဆေးနဲ့ဆေးပစ္စည်းတွေကို ဘေးကင်းရာနေရာ ကို ကြိုတင်ပို့ဆောင်ထားရှိမှု၊    ကျန်းမာရေးဌာန အဆောက်အအုံတွေ၊ ဆေးရုံသုံး   စက်ပစ္စည်းတွေ၊ ဆေးနဲ့ဆေးပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု နည်းပါး စေရေး ကြိုတင်ပြင်ဆင်ထားရှိမှုတွေကို ဆွေးနွေး ခဲ့ပါတယ်။  လူနာတွေ၊  ဝန်ထမ်းတွေ၊    သူနာပြု သားဖွားသင်တန်းကျောင်းတွေက  သင်တန်းသား သင်တန်းသူတွေကို    ဘေးလွတ်ရာ    ကြိုတင် ရွှေ့ပြောင်းထားဖို့၊   မုန်တိုင်းကျရောက်ပြီး       ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိဖို့နဲ့ လိုအပ်နိုင်တဲ့ဆေးတွေ   ကြိုတင်ဝယ်ယူထားဖို့ စတာတွေကို ဆွေးနွေးမှာကြားခဲ့ပါတယ်။ 
ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး ဗဟိုအဖွဲ့နဲ့ နံနက်ပိုင်း၊ တိုင်းဒေသကြီး/     ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွေ   ပါဝင်ပြီး ညနေပိုင်း နေ့စဉ်အစည်းအဝေးတွေ ပြုလုပ်ပြီး မိုခါ မုန်တိုင်းဖြစ်ပွားလာရင်    ကျန်းမာရေးကဏ္ဍက မြေပြင်မှာ အမှန်တကယ်    အဆင်သင့်ဖြစ်စေဖို့ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။
အထူးသဖြင့် မေ ၁၀ ရက်မှ ၁၃ ရက်အထိမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေက     ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးတွေနဲ့ virtual စနစ်နဲ့တွေ့ဆုံပြီး မုန်တိုင်းမကျရောက်မီ  ကျန်းမာ ရေးကဏ္ဍ ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်ဆွေးနွေးပြီး ဆောင်ရွက်ရမယ့်လုပ်ငန်း၊ လိုအပ်တဲ့ အရင်းအမြစ်၊ ဆေးနဲ့ဆေးပစ္စည်း၊ ရန်ပုံ ငွေစတာတွေကို ဖြည့်ဆည်းပြီး   ဆောင်ရွက်ပြီးစီးမှု အခြေအနေကို   သုံးသပ်ပြီး   လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့     မုန်တိုင်း အတွက်    မြန်မာနိုင်ငံ       ကြက်ခြေနီအသင်းက ကျန်းမာရေးဝန်ကြီးဌာနကို  လာရောက်ပြီး မုန်တိုင်း အတွက် ပူးပေါင်းဆောင်ရွက်ရမယ့်   အရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုသသမဂ္ဂကလေးများ    ရန်ပုံငွေအဖွဲ့ကလည်း မုန်တိုင်းအတွက်  လိုအပ်တဲ့    ဆေးနဲ့ဆေးပစ္စည်းတွေ ကို ကူညီပံ့ပိုးကြပါတယ်။
ဆေးတက္ကသိုလ်တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် တွေက အထူးကုဆရာဝန်တွေပါဝင်တဲ့ ဆေးအဖွဲ့ ၁၈ ဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေက   ဆရာဝန် တွေခေါင်းဆောင်တဲ့ ဆေးကုသရေးအဖွဲ့  ၁၁  ဖွဲ့၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ ဆေးကုသ ရေးအဖွဲ့ ၁၆ ဖွဲ့၊ စိတ်ကျန်းမာရေး အထူးကုအဖွဲ့ လေးဖွဲ့နဲ့ မျက်စိအထူးကုဆေးအဖွဲ့လေးဖွဲ့၊ တိုင်း ဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တွေက  ဆရာဝန်   သို့မဟုတ်   ကျန်းမာရေးမှူး ဦးဆောင်တဲ့ RRT အဖွဲ့ပေါင်း ၄၆ ဖွဲ့နဲ့ ဗဟိုမှ RRT ရှစ်ဖွဲ့ စုစုပေါင်း ၅၄ ဖွဲ့တို့ကို အဆင်သင့်ဖွဲ့စည်းပြီး မုန်တိုင်းသင့်ဒေသတွေကို   စေလွှတ်နိုင်မယ့် အစီ အစဉ်တွေ အလှည့်ကျ အချိန်ဇယား ကြိုတင်ရေးဆွဲ ထားခဲ့ပါတယ်။
အနောက်တိုင်းဆေးပညာအပြင်     တိုင်းရင်း ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ Mobile Team တွေ ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ဗဟို က     ပြည်သူ့ကျန်းမာရေးအထူးပြုတွေ  ပါဝင်တဲ့ အဖွဲ့ကို         ကြိုတင်စေလွှတ်ထားခဲ့တဲ့အပြင် ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နဲ့ ဆေးတက္ကသိုလ်-၂ (ရန်ကုန်)တို့က  အထူးကုဆရာဝန်တွေ    ပါဝင်တဲ့ ဆေးအဖွဲ့နှစ်ဖွဲ့ကို ပြည်သူ့ဆေးရုံကြီး-စစ်တွေမြို့၊  ပြည်သူ့ဆေးရုံကြီး- ပြည်မြို့နဲ့   ဆေးတက္ကသိုလ်-မကွေးက အထူးကုတွေ ပါဝင်တဲ့ ဆေးအဖွဲ့တစ်ဖွဲ့ကို ပြည်သူ့ဆေးရုံကြီး    ကျောက်ဖြူမြို့ကို    ကြိုတင် စေလွှတ်ထားခဲ့ပါတယ်။
မုန်တိုင်းအန္တရာယ်    ကျရောက်နိုင်ခြေရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့    ချင်း ပြည်နယ်တို့မှာ  
ဆေးနဲ့ဆေးပစ္စည်းတွေ   ကြိုတင် ပို့ဆောင်ထားရှိပါ တယ်။ Disaster Kits ၊ IHEK Kits၊ Hygiene Kits၊  ရေသန့်ဆေးပြား၊  ဓာတ်ဆားထုပ်၊     ဗီတာမင် အားဆေး ၊ Life straw community water filter၊ အသက်ကယ်အင်္ကျီ၊ Emergency Light နဲ့ အိမ်သာ ခွက်နှင့်  အိမ်သာပိုက်  အစရှိတာတွေ  ရခိုင်ပြည်နယ် ကို     မုန်တိုင်းမတိုက်ခတ်မီကပင် ကြိုတင်ပို့ဆောင် ထားရှိခဲ့ပါတယ်။
အရေးပေါ်ဆေးဝါးတွေပါဝင်တဲ့      မြို့နယ်နဲ့ တိုက်နယ်ဆေးရုံသုံး Emergency Medicine Kit တွေ၊ Trauma Kit တွေကို    သက်ဆိုင်ရာဆေးရုံ တွေအလိုက်   ကြိုတင်ပြင်ဆင်ထားရှိခဲ့တဲ့အပြင် အထူးကုဆေးအဖွဲ့တွေ ကွင်းဆင်းရာတွင် အသုံးပြု နိုင်မယ့် ဆေးဝါးတွေပါဝင်တဲ့ Tour Kit တွေ၊ အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့တွေအတွက်   Disaster Kit တွေကိုလည်း တစ်ပါတည်း အဆင်သင့်ပြင်ဆင် ထားပြီး ပို့ဆောင်ခြင်း၊ အရန်စုဆောင်းထားရှိခြင်း တွေကို ဆောင်ရွက်ခဲ့ပါတယ်။ 
စက်သုံးဆီကြိုတင်စုဆောင်းစေတာ၊ အသုံးပြုနိုင်မယ့်အုပ်ချုပ်မှုယာဉ်၊ လူနာတင်ယာဉ် စာရင်း ကြိုတင်စုဆောင်းကောက်ခံပြီး Mobilize လုပ်နိုင် အောင် စီစဉ်ဆောင်ရွက်တာတွေကို   မုန်တိုင်း မတိုက်ခတ်မီ ဆောင်ရွက်ခဲ့ကြပါတယ်။
အဆောက်အအုံတွေရဲ့      ခံနိုင်ရည်ရှိမှုအပေါ် မူတည်ပြီး    အဆင့်သုံးဆင့်ခွဲပြီး    အန္တရာယ်ရှိနဲ့ အသင့်အတင့်   အဆောက်အအုံတွေက  လူနာတွေ၊   ကျန်းမာရေးဝန်ထမ်းတွေအား စိတ်ချရတဲ့  နေရာကို ရွှေ့ပြောင်းစေတာ၊ ဆေးရုံနဲ့    ကျန်းမာရေးဌာန အဆောက်အအုံတွေ        ပျက်စီးမှုမရှိစေရေး  နည်းပါးစေရေးအတွက်  ထိခိုက်နိုင်တဲ့      သစ်ပင် သစ်ကိုင်းတွေ       ခုတ်ထွင်ရှင်းလင်းတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ဆေးရုံ/ဆေးခန်း/  ကျန်းမာရေးဌာနတွေမှာ ဆေးနဲ့ဆေးပစ္စည်းတွေ၊ စက်ပစ္စည်းတွေ (CT Scan၊ X-ray ၊ Ultrasound စသည်)၊ မော်တော်ယာဉ်တွေ၊ ဓာတ်ခွဲခန်းသုံးယာဉ်စသည်တို့ကို        မုန်တိုင်းဒဏ် ကြောင့်      ပျက်စီးမှုမရှိစေရေးအတွက်   ကြိုတင် ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုကြိုတင်ပြင်ဆင်မှုတွေ အားကောင်းခဲ့တဲ့ အတွက် ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ဆေးရုံသုံးစက် ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေလည်း ပျက်စီးဆုံးရှုံး မှု မရှိခဲ့ပါဘူး။ ကျန်းမာရေးလုပ်ငန်းတွေကို ရပ်တန့် မှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ    ပေးနိုင် ခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ၊     ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)တို့ဦးဆောင်ပြီး      သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို     လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက  မေ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ    စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီကိုယ်စား        အတွင်းရေးမှူးက အခြားကော်မတီတွေနဲ့ ပူးပေါင်းပြီး နေ့စဉ် လုပ်ငန်း တာဝန်တွေ ထမ်းဆောင်ခဲ့တာ ယနေ့အထိ  ဖြစ်ပါ တယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အစီရင်ခံတင်ပြတာ၊ အခြားကော်မတီတွေနဲ့ ညှိနှိုင်း ပြီး လုပ်ငန်းတွေဆောင်ရွက်တာ၊ အထူးသဖြင့် ဆေး နဲ့ ဆေးပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ရခိုင်ပြည်နယ်ကို      တပ်မတော်လေယာဉ်တွေ၊ ပြည်တွင်းလေကြောင်းလိုင်းတွေ၊  ရေယာဉ်တွေနဲ့ ပို့ဆောင်တာတွေ၊      မုန်တိုင်းအန္တရာယ်ကြောင့် ကျန်းမာရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ကောက်ယူတာ၊ တင်ပြတာတွေကို    ဆောင်ရွက် လျက် ရှိပါတယ်။ 
မေး    ။    ။     ဒီလိုကြိုတင်ပြင်ဆင်ရာမှာ ဝန်ထမ်းတွေနဲ့ 
            လူနာတွေအတွက် စားနပ်ရိက္ခာနဲ့ သောက် သုံးရေ ပြတ်လပ်မှုမရှိစေရေး ဘယ်လိုဆောင်ရွက်ထားရှိတယ်ဆိုတာလည်း  သိရှိလိုပါတယ်။
ဖြေ    ။    ။     ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် ရိက္ခာနဲ့ 
            သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး အတွက်  အနည်းဆုံးနှစ်ပတ်စာ သောက်ရေသန့်တွေ ကြိုတင်ဝယ်ယူထားခြင်း၊  သုံးရေကြိုတင် စုဆောင်း ထားခြင်းနဲ့   ကော်ဖီထုပ်၊ ခေါက်ဆွဲခြောက်၊    မုန့် စတဲ့ စားသောက်စရာရိက္ခာတွေ  ကြိုတင်ဝယ်ယူ စုဆောင်းခြင်းတွေ  ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အခြားလိုအပ်ချက်တွေရှိခဲ့ရင် ဖြည့်ဆည်းပေးနိုင်ဖို့ ရခိုင်ပြည်နယ်နဲ့ မြို့နယ်တွေကို နိုင်ငံတော် ရန်ပုံငွေ ထပ်မံချထားပေးခဲ့တဲ့အတွက်     စားရေရိက္ခာနဲ့ အခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ 
မေး    ။    ။    မုန်တိုင်းတိုက်ခတ်ပြီး           ပြန်လည်
            ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက် ထားရှိမှုကိုလည်း သိရှိလိုပါတယ်။
ဖြေ    ။    ။     ကျန်းမာရေးကဏ္ဍအနေနဲ့          မုန်တိုင်း 
            တိုက်ခတ်ပြီးနောက်   တုံ့ပြန်ဆောင်ရွက် ခြင်းနဲ့     ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိရာ  ဆေးကုသမှု ပေးခြင်းအပါအဝင်    ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု၊ ကူးစက်ရောဂါ     မဖြစ်အောင် ကာကွယ်ထိန်းချုပ်နိုင်မှု၊ ကိုဗစ်ရောဂါ  ဓာတ်ခွဲ စစ်ဆေးပေးနိုင်မှု၊ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး နိုင်မှု၊     ကျောင်းကျန်းမာရေးဆောင်ရွက်နိုင်မှု၊ ပျက်စီးမှုတွေအတွက်  ပြန်လည်ပြင်ဆင်နိုင်မှုတွေ ကို ဆောင်ရွက်ခဲ့ပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်   ကျန်းမာရေး ကဏ္ဍအနေနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေကို ရပ်တန့်သွားမှုမရှိစေဘဲ ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ မုန်တိုင်းပြီးပြီးချင်းမှာပဲ ကြိုတင်စေလွှတ် ထားတဲ့   အထူးကုဆေးအဖွဲ့တွေအနေနဲ့   ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ မုန်တိုင်းသင့်ဒေသ တွေဖြစ်တဲ့ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဆေးကုသမှုတွေကို ပါဝင်ဆောင်ရွက်ပေးနိုင်သလို ပြည်သူ့ကျန်းမာရေး  အထူးပြုဗဟိုအားဖြည့်အဖွဲ့က လည်း    ကာကွယ်ဆေးတွေ    ထားသိုနေရာမှာ လျှပ်စစ်မီး  အဆက်မပြတ်    ရရှိစေဖို့အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြပါတယ်။  
ဒါ့အပြင်   ဆေးတက္ကသိုလ်တွေက     ကြိုတင် ဖွဲ့စည်းထားတဲ့     အထူးကုဆေးအဖွဲ့၊  မြန်မာနိုင်ငံ    ပုဂ္ဂလိကဆေးရုံများအသင်းက ဆေးအဖွဲ့၊  တိုင်း ဒေသကြီး/ပြည်နယ်တွေက အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေ  ရခိုင်ပြည်နယ်ကို အလှည့်ကျ စေလွှတ် ပြီး နယ်မြေခံကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်း ပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်တွေမြို့နယ်၊    ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော် မြို့နယ်၊     မြေပုံမြို့နယ်၊     မြောက်ဦးမြို့နယ်၊   ရသေ့တောင်မြို့နယ်၊       ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ   ဆေးကုသခြင်း၊ ခွဲစိတ် ကုသခြင်း၊  ဒေသခံပြည်သူတွေကို  ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊      ရေသန့် ဆေးပြားများ    ဖြန့်ဝေပေးခြင်း၊ ရေတွင်း၊ ရေကန် တွေကို    ကလိုရင်းဆေးခတ်ခြင်း၊  ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို   ဆောင်ရွက် လျက်ရှိပါတယ်။ 
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးက  စေလွှတ် ထားတဲ့ မျက်စိအထူးကုဆေးအဖွဲ့ကလည်း စစ်တွေ မြို့မှာ မျက်စိကျန်းမာရေးစောင့်ရှောက်မှုနဲ့ မျက်စိ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 
ကာကွယ်ဆေးတွေ    အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းနိုင်မှုဆန်းစစ်ဖို့နဲ့ အအေးလမ်းကြောင်း ထိန်းသိမ်းတဲ့     ရေခဲသေတ္တာနဲ့     ဆက်စပ်ပစ္စည်းတွေ ပျက်စီးမှုကို   ဆန်းစစ်ပြီး   လိုအပ်ပါက  ချက်ချင်း အစားထိုး      လဲလှယ်တပ်ဆင်ပေးနိုင်ရေးအတွက် အင်ဂျင်နီယာအဖွဲ့ကို    မုန်တိုင်းတိုက်ခတ်ပြီး    ၄၈ နာရီအတွင်း   တပ်မတော်လေယာဉ်နဲ့    ပို့ဆောင် ပေးနိုင်ခဲ့ပြီး လုပ်ငန်းတွေကို   စတင်ဆောင်ရွက် နိုင်ခဲ့ပါတယ်။ အအေးလမ်းကြောင်း ထိန်းသိမ်းတဲ့ ရေခဲသေတ္တာနဲ့ ဆက်စပ်ပစ္စည်းတွေ   ပျက်စီးမှုရှိခဲ့ ရင် အစားထိုးလဲလှယ်တပ်ဆင်နိုင်ဖို့ အအေးလမ်း ကြောင်းထိန်းသိမ်းတဲ့   ရေခဲသေတ္တာနဲ့   ဆက်စပ် ပစ္စည်းတွေကို ရန်ကုန်မှ   စစ်တွေမြို့ကို   ရေယာဉ် တွေနဲ့ သယ်ဆောင်ပေးတဲ့အတွက်  စစ်တွေမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီး      နောက်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဒဏ်သင့်    စစ်တွေ့မြို့နယ်   အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေကို သွားရောက် ပြီး  ကျန်းမာရေးစောင့်ရှောက်မှုတွေ  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေးနဲ့ ပျက်စီးသွားတဲ့  ဆေးရုံနဲ့ ကျန်းမာရေးဌာန၊  ဝန်ထမ်းအိမ်ရာတွေကို အမြန် ဆုံးပြုပြင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နဲ့အဖွဲ့က ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသ တွေမှာ ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက် ရေးနှင့်       ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး     လိုအပ်တာတွေကို ဖြည့်ဆည်းပေးခြင်း၊   ဝန်ကြီးဌာနကို     အချိန်နဲ့ တစ်ပြေးညီ    တင်ပြဆောင်ရွက်ခြင်းနဲ့  စစ်တွေ ပြည်သူ့ဆေးရုံကြီးအပါအဝင်   ဆေးရုံတွေ စဉ်ဆက် မပြတ်    ပုံမှန်ပြန်လည်လည်ပတ်စေရေးအတွက် ကြီးကြပ်လျက်ရှိတဲ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်း တို့မှ  ဆေးအဖွဲ့တွေက ဆေးကုသခြင်း၊   ပြည်သူ့ ကျန်းမာရေးလုပ်ငန်းတွေမှာ   ပါဝင်ကူညီအားဖြည့် ဆောင်ရွက်ခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ပါ တယ်။  
ဆေးရုံတွေမှာ စက်ပစ္စည်းတွေ ပျက်စီးမှုရှိပါက ပြင်ဆင်နိုင်ဖို့အတွက်       အင်ဂျင်နီယာတွေကို စေလွှတ်ပြင်ဆင်ခဲ့ပါတယ်။    ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လျှပ်စစ်မီး ပုံမှန်ရရှိပြီး    မီးစက်တွေ    လည်ပတ်နိုင်တဲ့အပြင် 64 slice CT scan လည်း   ပြုပြင်ပြီး          ပြန်လည် အသုံးပြုလျက်     ရှိပါတယ်။    မြောက်ဦးမြို့နယ်  ပြည်သူ့ဆေးရုံရဲ့  ဓာတ်မှန်စက်ကိုလည်း ပြုပြင်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်  ထပ်မံလိုအပ်တာ မရှိစေဖို့  ဆေးနဲ့ဆေးပစ္စည်းတွေကို     တပ်မတော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အကူ အညီနဲ့ ရေယာဉ်၊    လေယာဉ်တွေနဲ့    မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို အမြန်ဆုံး ပို့ဆောင်နိုင်ခဲ့ပါတယ်။ 
မုန်တိုင်းမတိုင်မီ   ကြိုတင်ပြင်ဆင်မှု  အားကောင်း ခဲ့တာကြောင့်    မုန်တိုင်းပြီးနောက်    ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့်  မုန်တိုင်းတိုက်ခတ် တဲ့နေ့   ည ၁၀ နာရီမှာ ပြည်သူ့ဆေးရုံ ပေါက်တောမြို့ မှာ ရိုးရိုးမွေးလူနာ   ကလေးမွေးဖွားနိုင်ခဲ့ပြီး မနက် ၁ နာရီမှာ အရေးပေါ်ခွဲစိတ်မွေးဖွားမှုကို   ဆောင်ရွက် နိုင်ခဲ့ပါတယ်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အသက် အန္တရာယ်ရှိတဲ့     သားအိမ်ပြင်ပ    သန္ဓေတည်လူနာ (ectopic pregnancy)      
အရေးပေါ်ခွဲစိတ်တာကို မေ ၁၇ ရက် ညနေပိုင်းမှာ    ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်ဆာဆေးကုဆောင်၌ Day    Care    Center ကို မေ ၁၈ ရက်မှာ စတင် ဖွင့်လှစ်ပြီး            ကုသမှုပေးနေပြီဖြစ်တဲ့အပြင် ကျောက်ကပ်သန့်စင်ခြင်းကို     မေ ၁၅ ရက်မှာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 
ဆေးရုံ/ကျန်းမာရေးဌာန   ပျက်စီးဆုံးရှုံးမှုတွေကို ကွင်းဆင်းစိစစ်ပြီး အမြန်ဆုံးပြုပြင် တည်ဆောက် နိုင်ရေးအတွက်    ကုသရေးဦးစီးဌာနက    ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)နဲ့ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က    အင်ဂျင်နီယာ တွေပါဝင်တဲ့အဖွဲ့တွေကို စေလွှတ်ထားရှိပါတယ်။ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ရေယာဉ် တွေနဲ့ အချိန်နှင့်တစ်ပြေးညီ  ပေးပို့လျက်ရှိရာ သွပ် အချပ်ရေ ၂၂၈၀၀ ၊  ခေါင်အုတ်သွပ်နဲ့ သွပ်ရိုက်သံ တို့ကို ပေးပို့ခဲ့ပါတယ်။
အခုလို ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်း တွေ၊       တုံ့ပြန်ဆောင်ရွက်ခြင်း     လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို    တစ်ပြိုင် တည်း  စနစ်တကျ  အကောင်အထည်ဖော်  ဆောင် ရွက်နိုင်ခဲ့တာကလည်း   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက    မေ ၃၀ ရက်မှာ ရခိုင်   ပြည်နယ် မြို့နယ်တွေက     ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူးတွေနဲ့  virtual   တွေ့ဆုံပြီး လူနာတွေကို   ဆေးရုံတွေမှာ ကျန်းမာရေး    ပြုစု စောင့်ရှောက်နိုင်ဖို့၊ ပြည်သူလူထုအခြေပြု ကျန်းမာ ရေး စောင့်ရှောက်မှုတွေကို ဆက်လက်ဆောင်ရွက် သွားနိုင်ဖို့၊ ပြည်သူ့ကျန်းမာရေးနဲ့ ရောဂါကာကွယ် ထိန်းချုပ်နိုင်မှုတွေကို ဆက်လက်ထိန်းချုပ်ထားနိုင် ဖို့နဲ့ အဆောက်အအုံ    ပြန်လည်ပြင်ဆင်ခြင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမည့်   လုပ်ငန်းတွေကို တိတိကျကျ လမ်းညွှန်မှာကြားခဲ့တာကြောင့်   ဖြစ်ပါ တယ်။
မေး    ။    ။    လူနာတွေကို      ပြုစုကုသမှုပေးနိုင်တဲ့ 
            အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုနဲ့  ကိုဗစ်ရောဂါ ကာကွယ်ဆေးအပါအဝင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစတဲ့  ပြည်သူ့ ကျန်းမာရေးလုပ်ငန်း    ဆောင်ရွက်မှုတွေကိုလည်း သိရှိလိုပါတယ်။
ဖြေ    ။    ။    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် 
            ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ ဆေးရုံ လုပ်ငန်းတွေ ပုံမှန်လည်ပတ်လျက်ရှိပြီး ခွဲစိတ်ကုသမှု လုပ်ငန်း၊ ပြင်ပလူနာ၊ အတွင်းလူနာတွေကို လက်ခံ ကုသပေးခြင်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေး လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ်ပြည်သူ့ ဆေးရုံနဲ့ တိုက်နယ်ဆေးရုံ  ၅၉  ရုံမှာ မေ ၁၆ ရက်မှ ဇွန်၇ ရက်အထိ   ပြင်ပလူနာအဖြစ်  ၁၃၈၅၂ ဦး၊ နေ့စဉ်အတွင်းလူနာပျမ်းမျှ ၁၀၀၀ ကျော်ကို ကုသမှု တွေ   ဆောင်ရွက်ပေးခဲ့ပြီး      ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအဖြစ် ၇၃၂၇ ဦးကို ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ 
ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအနေနဲ့ ဆေးရုံလုပ်ငန်း    ရပ်တန့်မှု  မရှိ အောင် စီမံဆောင်ရွက်ခဲ့တာကြောင့် ရခိုင်ပြည်နယ် မှာ မေ ၁၅ ရက်မှာ အတွင်းလူနာပေါင်း ၅၀၀  ကျော် ကုသပေးခဲ့ရပြီး ဇွန်လဆန်းအထိ အတွင်းလူနာ ၁၂၀၀ ခန့်အထိ ကုသပေးနိုင်ပြီး   ပုံမှန်အခြေအနေ အတိုင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျေးလက်ဒေသတွေရဲ့  ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကျေးလက်ကျန်းမာရေးဌာန၊ ဒါမှမဟုတ် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဒါမှမဟုတ် အထူးကု ဆေးအဖွဲ့တွေ   ကွင်းဆင်းကုသမှု    ဒါမှမဟုတ် ရွေ့လျားဆေးပေးခန်း   (Mobile Clinic) တွေက စောင့်ရှောက်မှုပေးနေပါတယ်။  
ဒါကြောင့် ပြည်သူ့ကျန်းမာရေး  စောင့်ရှောက်မှု အနေနဲ့   ကျေးလက်ကျန်းမာရေးဌာန၊    ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဆေးပေးခန်း၊   အထူးကုအဖွဲ့နဲ့ RRT အဖွဲ့တွေက မေ ၁၆ ရက်မှ ဇွန် ၇ရက်အထိ ပြင်ပလူနာ ၅၇၃၈၃ ဦးကို    ဆေးကုသမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ 
ကိုဗစ်-  ၁၉      ဓာတ်ခွဲစစ်ဆေးခြင်းတွေကို ဆောင်ရွက်နိုင်တဲ့အပြင်     ကိုဗစ်-၁၉    ကာကွယ် ဆေးထိုးနှံခြင်းကို ဇွန် ၆ ရက်အထိ ၁၀၀၇၇ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ပါ တယ်။   အရေးကြီးတဲ့    ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်တဲ့    ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအနေနဲ့   မြန်မာ တစ်နိုင်ငံလုံး    အတိုင်းအတာနဲ့     ပုံမှန်နဲ့အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ လစဉ် ပထမ ရက်သတ္တပတ်မှာ ဆောင်ရွက်လျက်ရှိရာ  မုန်တိုင်း သင့်ရခိုင်ပြည်နယ်မှာ ဇွန် ၁ ရက်မှ စတင်ပြီး ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနဲ့ အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက် ခဲ့ရာမှာ ဇွန် ၇ ရက်အထိ  ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးမှာ ဆောင်ရွက်နိုင်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကူးစက်ရောဂါ တွေ   ဖြစ်ပွားလာပါက အလျင်အမြန်သိရှိစေရေး အတွက် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ် (Early Warning and Rapid Response)ကို ဆောင်ရွက်လျက်ရှိရာ   ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားကူးစက် ရောဂါတွေ    ကပ်အသွင်ဖြစ်ပွားမှု   မရှိကြောင်း ပြောကြားလိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့နယ် တွေမှာ ဇွန် ၁ ရက် စာသင်ကျောင်းတွေ     စတင် ဖွင့်လှစ်ချိန်မှာ မြို့နယ်အားလုံးရှိ စာသင်ကျောင်း တွေမှာ မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားတတ် တဲ့   ကူးစက်ရောဂါတွေ   မဖြစ်ပွားစေရေးအတွက် ကျောင်းအခြေပြုကူးစက်ရောဂါ     ကာကွယ်ရေး လုပ်ငန်းတွေ၊ ကျောင်းတွင်းရေကောင်းရေသန့်ရရှိ သုံးစွဲရေး၊ ယင်လုံအိမ်သာ    စနစ်တကျ သုံးစွဲရေး၊ စနစ်တကျ   လက်ဆေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်း ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ အာဟာရ ပြည့်ဝတဲ့ စားသောက် မှုပုံစံတွေကို ပညာပေးခြင်းစတဲ့   ကျောင်းအခြေပြု ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို     Rapid Response Team နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူ မှလှူဒါန်းတဲ့ ဆေးနှင့် ဆေးပစ္စည်းတွေကို  မုန်တိုင်း သင့် ဒေသတွေမှာ ထိထိရောက်ရောက်       အသုံးပြု လျက်ရှိရာ ဇွန် ၇ ရက်အထိ စုစုပေါင်း  ဆေးနဲ့ ဆေး ပစ္စည်း ၈၃ မျိုး၊ ခန့်မှန်းခြေတန်ဖိုး   ၃၉၀ ဒသမ ၀၄၂၆၂၁ သန်း လက်ခံရရှိခဲ့ပါတယ်။ 
မေး    ။    ။     ရှေ့ဆက်လက်    လုပ်ဆောင်သွားမယ့် 
            လုပ်ငန်းဆောင်ရွက်ချက်တွေကိုလည်း သိရှိလိုပါတယ်။
ဖြေ    ။    ။    ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတွေမှာ 
            ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတွေ တစ်ဦး တစ်ယောက်မှ မကျန်ရှိစေဘဲ  ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်ဆောင် ရွက်နိုင်ရေး၊ ဆေးရုံ၊ကျန်းမာရေးဌာန   အဆောက် အအုံတွေ ယခင်ထက် ပိုမိုကောင်းမွန်တဲ့ အဆောက် အအုံတွေအဖြစ် အမြန်ဆုံးပြုပြင်တည်ဆောက်ရေး၊ သဘာဝဘေးရဲ့    နောက်ဆက်တွဲ     ကျန်းမာရေး ပြဿနာတွေ မပေါ်ပေါက်စေရေးနဲ့ ကူးစက်ရောဂါ တွေ    ကပ်အသွင်ဖြစ်ပွားမှု     မရှိစေရေးတို့အတွက် အထူးအလေးထားပြီး       ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ   ဖြစ်ပါတယ်။    ။