
အိုဆာကာ ဇွန် ၂၀
ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာခရိုင်တွင်နေထိုင်သော အသက် ၈၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း နှစ်ကာလကြာရှည်စွာ နေထိုင်သောမြို့တစ်မြို့သို့ ၂၉ ကီလိုဂရမ်ရှိ ရွှေများကို လှူဒါန်းလိုက်ကြောင်း သိရသည်။
နာကာရှီမာ နာဆုအိုဆိုသူ အဆိုပါ အမျိုးသား သည် မီနိုမြို့တွင် အမဲသားစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းအနေဖြင့် လက်ရှိတွင် အဆိုပါအလုပ်ကို ရပ်နားလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့်လတွင် ၎င်းပိုင်ဆိုင်မှုများကို မီနိုမြို့သို့ လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါ လှူဒါန်းငွေများကို လူနာတင်ယာဉ်များနှင့် ဒေသတွင်း ခရီးသွား လုပ်ငန်းမြှင့်တင်ဆောင်ရွက်ရေးတွင် အသုံးပြုသွား ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
မီနိုမြို့သို့ ၎င်းလှူဒါန်းမှုတွင် ၂၉ ကီလိုဂရမ်ရှိ ရွှေနှင့် တစ်ကီလိုဂရမ်ရှိ ပလက်တီနမ် ပါဝင်ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ရှိသည်ဟုဆိုသည်။ အဆိုပါလှူဒါန်းမှုကို ဇွန် ၂၀ ရက်တွင် မီဒီယာသို့ ထုတ်ဖော်ပြသခဲ့ပြီး နာကာရှီ မာကို မြို့ရုံးသို့ဖိတ်ကြားကာ မြို့တော်ဝန် အုရှီမာ ကာဇူဟီကိုက အသိအမှတ်ပြု လက်မှတ်ကို ချီးမြှင့် ခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုအတွက် မြို့တော်ဝန်က လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ကြောင်းနှင့် အဆိုပါလှူဒါန်းမှု များကို နာကာရှီမာ၏ ဆန္ဒနှင့်အညီ အသုံးပြုသွား မည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ