အုတ်တွင်းမြို့နယ် ဒိုးပင်သောင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

 

အုတ်တွင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး    အုတ်တွင်း မြို့နယ်   ဒိုးပင်သောင်ကျေးရွာအား   မဟာဓာတ်အားလိုင်းစနစ် (NEP)ဖြင့် ဆောင်ရွက်သော   ၁၁  ကေဗွီ  ၄၀၀  ဗို့ ဓာတ်အားလိုင်း လျှပ်စစ် မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ က ကျင်းပသည်။
အခမ်းအနားတွင်     ရင်ခုန် သံရှင်ရေး        ကူညီမှုအသင်း ဦးဆောင်နာယက   ဆရာတော် ဥူးတေဇသီရိက    ဩဝါဒစကား မြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးညီညီက ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး    ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။    ဆက်လက်၍   မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကို က လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု   အခြေအနေများ နှင့် လျှပ်စစ်အန္တရာယ်အသိပညာပေးခြင်းများ ရှင်းလင်းပြောကြား ကာ ကျေးရွာနေ လျှပ်စစ်မီးလင်း ရေးကော်မတီဝင်   ဦးတင်စိန်က လျှပ်စစ်မီး     ရရှိသည့်အတွက်  ကျေးဇူးတင်စကား    ပြောကြား သည်။
ထို့နောက် လျှပ်စစ်မီးလင်း ရေး  အခမ်းအနားကို  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ   တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
အဆိုပါ   ကျေးရွာလျှပ်စစ်မီး ရရှိ‌ရေးလုပ်ငန်းကို   ၂၀၂၃  ခုနှစ် ဧပြီလမှ     စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ဒိုးပင်သောင်ကျေးရွာရှိ အိမ်ခြေ  ၁၈၀  အနက် အိမ်ခြေ ၁၂၀  ကို   ကနဦးလျှပ်စစ်မီးရရှိ အောင်   ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်ရှိသောအိမ်ခြေ များကို    လျှပ်စစ်မီးဆက်လက် ရရှိအောင်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းနောက်      မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များသည်   သံတိုင်ခင်ကျေးရွာ သို့  သွားရောက်ပြီး   ၁၁  ကေဗွီ ဓာတ်အားလိုင်း   ၄၀၀  ဗို့ လျှပ်စစ် မီး        ချိတ်ဆက်နိုင်ရေးအတွက် လျှပ်စစ်မီးလင်းရေးကော်မတီဝင် များ၊   ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးသည်။
အေမင်းရည်စော (ပြန်/ဆက်)