အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့ လိုပါပြီ

Type
ကနောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတစ်ရပ်မှာ တာဝန်ယူချိန်ကနေစတင်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပြောင်းလဲသွားဖို့ မရှိကြောင်းနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ရပ်မှာ ပြည်သူ တွေရဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ တည်တည် ငြိမ်ငြိမ်နဲ့ တိုင်းပြည်တိုးတက်ရေးကို ရှေးရှုလို့ စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိတဲ့ ရွေးကောက်ပွဲ ကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ဖို့ အားလုံးက တက်ညီလက်ညီ ရှေ့ဆက်ကြရမယ့်အချိန် ဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ တည်ဆဲအစိုးရရဲ့ ဩဇာခံရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရကို မကြိုက်တိုင်း၊ လက်မခံတိုင်းသာ နိုင်ငံ့တာဝန်တွေ ကို မလုပ်ဆောင်ဘဲ ကြိုက်တဲ့အစိုးရကို စောင့်ဆိုင်း မယ်ဆိုရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာ စောင့်သိသူများ မဟုတ်ဘဲ တစ်ဦး၊ တစ်ပါတီကို ချစ်မြတ်နိုးတဲ့၊ ပါတီစွဲမကင်းတဲ့ နိုင်ငံ့ဝန်ထမ်း ကောင်း မပီသသူများ ဖြစ်မှန်းမသိ ဖြစ်သွားနိုင်ပါ တယ်။ တက်လာတဲ့ အစိုးရတိုင်းကို မကြိုက်ဘူးဆို ပြီး ဝန်ထမ်းတွေက CDM ထပ်တလဲလဲ လုပ်ကြမယ် ဆိုရင် တိုင်းပြည်ဘယ်လိုလုပ် မြင့်မားလာပါတော့ မလဲ။ အဲဒါကြောင့်လည်း နိုင်ငံ့ဝန်ထမ်းတွေအတွက် သက်ဆိုင်ရာ ဥပဒေတွေ၊ ကျင့်ဝတ်၊ စည်းကမ်းတွေ ကို နိုင်ငံတိုင်းမှာ ပြဋ္ဌာန်းထားရှိရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဒေါက်တာဇော်ဝေ စိုးရဲ့ သတင်းစကားတစ်ခုဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ မြင်တွေ့ရပါတယ်။ ဝန်ထမ်းအားလုံး CDM မှာ မဖြစ်မနေ ပါဝင်ကြရမယ်ဆိုပြီး ပြောထား တာပါ။ ဒါဆိုရင် နိုင်ငံခြားမှာ နေထိုင်အလုပ်လုပ်ကိုင် နေသူတွေ CDM လုပ်ဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြ ပါသလား။ ဟိုက အလုပ်အကိုင်တွေကို စွန့်ခဲ့ကြ ပါသလား။ ဒီလိုပဲ ကုမ္ပဏီဝန်ထမ်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ လူမှုနယ်ပယ်အသီးသီးမှာ လုပ်ကိုင် ကြသူတွေ CDM မှာ အကုန်ပါဝင်ကြပြီလားဆိုပြီး မေးခွန်းတွေ ထုတ်လိုပါတယ်။ ဒါကြောင့် CDM ကို နိုင်ငံ့ဝန်ထမ်းတွေ မလုပ်မဖြစ် လုပ်အောင် တွန်းအားပေးကြသူတွေ အားလုံးကရော CDM မှာ ဘယ်လောက်ပါဝင်ကြသလဲ မေးခွန်းထုတ် လိုပါ တယ်။ နိုင်ငံ့ဝန်ထမ်းတွေကို သီးသန့်ပစ်မှတ်ထားပြီး ဘဝပျက်အောင် ဖိအားပေး အရင်းပြုနေတယ်လို့ပဲ ယူဆမိပါတယ်။ လူမိုက်လက္ခဏာလေးပါး တကယ်တမ်း CDM ကြောင့်သာ အောင်မြင်ခဲ့ မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားနဲ့ နောက်ကွယ်ကနေ မြှောက်ပင့်ပေးနေတဲ့သူတွေရဲ့ အကျိုးစီးပွား ဘယ်သူက ပိုသာနိုင်မလဲဆိုတာ နိုင်ငံ့ ဝန်ထမ်းတွေ စဉ်းစားဆင်ခြင်စေလိုပါတယ်။ မိမိတို့ ဘဝပျက်ခံပြီး တွန်းတင်ပေးလိုက်ရတဲ့သူတွေက နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘယ်လောက်အထိ စွန့်လွှတ်ပေးနိုင်သူတွေလဲဆိုတာကို သတိချပ် စေလိုပါတယ်။ စာရေးသူ မိတ်ဆွေတွေထဲမှာ နိုင်ငံတော်က ပေးအပ်တဲ့ အငြိမ်းစားလစာကို ခံစားနေလျက်က ဘဝတူ ဝန်ထမ်းတွေကို CDM လုပ်ခိုင်းနေတာ မြင်တွေ့ရပါတယ်။ မြတ်ဗုဒ္ဓကတော့ လူမိုက်လက္ခဏာလေးပါးကို ဟောကြားတော်မူထားခဲ့ပါတယ်။ အဓိပ္ပာယ် ကတော့ လူမိုက်တို့သည် နည်းလမ်းအမှားတွေကို လုပ်ဆောင်ပါတယ်။ သူတစ်ပါးကိုလည်း နည်းလမ်းအမှားတွေကို လုပ်ဖို့တွန်းအားပေး ပါတယ်။ မှားယွင်းနေတဲ့ နည်းလမ်းတွေကိုလည်း ကာကွယ် ပေးတတ်ပါတယ်။ မှားယွင်းနေတဲ့ နည်းလမ်းတွေအပေါ် ဝေဖန်သုံးသပ်သူတွေကို လည်း လက်မခံတတ်ဘူးဆိုပြီး ဟောကြားခဲ့ပါ တယ်။ လက်ရှိ CDM လုပ်သူ ဝန်ထမ်းဦးရေဟာ ရာခိုင်နှုန်း အတော်များနေပြီလို့ စာရင်းဇယားမပါဘဲ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ လုပ်ငန်း ဌာနတွေအားလုံးရဲ့ ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်း ပြည့်ပြီလို့တောင် မကြားရပါဘူး။ စုစုပေါင်းဝန်ထမ်း ၁၁ သိန်းလောက်အနက်မှာ လူတစ်သိန်း၊ လူနှစ် သိန်း ပါဝင်တဲ့ အတိုင်းအတာဟာ အောင်မြင်မှု တစ်ရပ်မဟုတ်ဘူးလို့တော့ စာရေးသူက ရှုမြင်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရတက်တက် မှန်မှန်ကန်ကန် သစ္စာရှိရှိနဲ့ နိုင်ငံအကျိုးကို ဆောင်ရွက်ကြရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အဓမ္မတရားက ဖိအားပေး တိုက်ခိုက် နေရင်တောင် အပြုံးမပျက် ရုံးတက်ကြဖို့ လိုအပ် ပါတယ်။ ကွန်မြူနစ်ဝိဉာဉ်မစီးမျောစေလို လုပ်ကြံမှုအမျိုးမျိုးနဲ့ ကောလာဟလလွှင့်ပေး နေကြတဲ့ သတင်းဝက်ဆိုက်ဘ်တွေနဲ့ လူမှုကွန်ရက် က မဟုတ်မမှန်တဲ့ သတင်းဗီဒီယိုတွေ၊ လူငယ် မျိုးဆက်သစ်တွေကို မြှောက်ပေးနေတဲ့ စကားသံ တွေနဲ့ ပြင်ဆင်တည်းဖြတ်ထားတဲ့ ဓာတ်ပုံတွေဟာ ရောထွေးနေပြီး အမှားကို အမှန်၊ အဓမ္မကို ဓမ္မအနေ နဲ့ ပုံသွင်းထားတာကို မြင်တွေ့နေရပါတယ်။ ပြည်သူ တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကျပ်အတည်း ဖြစ်အောင်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကွက်ကျကျ ဖန်တီးနေသူတွေ၊ ပြည်သူတွေ အကြောက်တရား အမြစ်တွယ်အောင် ဖန်တီးထားတဲ့ လုပ်ကြံမှုတွေကလည်း နေရာယူ လာတာကို တွေ့မြင်နေရပါတယ်။ ကိုယ့်နိုင်ငံသား အချင်းချင်းမို့၊ စိတ်ရှည် လက်ရှည်ထားပြီး အသိပညာပေးဆဲကာလဖြစ်လို့ အတတ်နိုင်ဆုံး ထိခိုက်မှုနည်းအောင် ပြုမူနေရတဲ့ အပေါ် အခွင့်ကောင်းယူပြီး လက်နက်မဲ့ပြည်သူ တွေကို လမ်းပေါ်ထွက်ခိုင်းနေခြင်းဟာ တမင်စတေး ပစ်နေခြင်းလားလို့ တွန်းပို့ဖျက်ဆီးသူတွေကို မေးခွန်းထုတ်လိုပါတယ်။ လူငယ်လေးတွေရဲ့ ခံစား ချက်တွေကို အမုန်းတရားတွေအဖြစ် ပြောင်းလဲပြီး ခေတ်သစ်ကွန်မြူနစ်အသွင် ဖန်တီးနေခြင်း၊ ဒီမိုကရေစီကို မထီမဲ့မြင်ပြုခြင်းလို့ပဲ စာရေးသူက တော့ ယူဆမိပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက သခင်နု (ဦးနု)ကိုပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိပါ တယ်။ “ဒီမှာ ကိုနု၊ အသိဉာဏ်ရှိတဲ့ ဒေသမှာ အမှားနဲ့ အမှန်ကို စကားလုံးနဲ့ ခွဲခြားပြီး ပြောပြ လို့ရကောင်းပေမယ့် အသိဉာဏ်မရှိတဲ့ ဒေသမှာ ဗုဒ္ဓဘုရားရှင်ကြွလာပြီး တရားဟောတောင် နားငြီးလို့ အပြစ်ပြောမယ့်သူတွေ တစ်ပုံကြီး။ အဲဒီတော့ ကျုပ်တို့မှာ လုပ်စရာတစ်ခုပဲရှိတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည် ကောင်းစားဖို့ဆိုရင် တရွတ်တိုက်ပြီး ဆွဲခေါ်သင့်ရင် ခေါ်ရမှာပဲ..” ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။ ဆန္ဒပြနေတဲ့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့ လုံခြုံရေး တာဝန်ယူထားရသူတွေအပေါ် ဥပဒေမဲ့ လုပ်ရပ်တွေ ဆက်လက်မလုပ်ဆောင်စေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက် စာရေးသူက လူငယ်တစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တော့ “ကျွန်တော်တို့ လူငယ်တွေအများစုက ဆန္ဒပြပွဲတွေ မှာ ဂိမ်းတွေထဲက စစ်တိုက်တမ်း ဆော့နေကြသလို ပဲ” လို့ ညည်းညူပြောသွားပါတယ်။ အေးအေး ချမ်းချမ်း ဆန္ဒထုတ်ဖော်နေရမယ့်အစား လက်နက် မဲ့ လူငယ်တွေဟာ အတင်းအဓမ္မဇွတ်တိုးလုပ် ဆောင်နေတာတွေ၊ ရပ်ရမယ့်အချိန်မှာ မရပ်တန့်ဘဲ သွေးဆူနေတာတွေက ထိခိုက်နစ်နာမှုတွေကို လာပါ လို့ ဖိတ်ခေါ်နေတဲ့အတိုင်း မြင်တွေ့နေရပါတယ်။ လမ်းပိတ်ဆို့မှုတွေကြောင့် ဆေးရုံတွေဆီ အချိန်မီမရောက်လာနိုင်တဲ့ လူနာတွေ၊ ကျောင်းတွေ မဖွင့်လို့ လမ်းပျောက်နေရတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ နေ့စဉ်စားဝတ်နေရေး ဖြေရှင်း ဖို့မဖြစ်နိုင်တော့လို့ ဘဝကို အရှုံးပေးခါနီး လက်လုပ် လက်စားတွေ၊ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ရပ်တည်နေရတဲ့ ဇနီး၊ သား၊ သမီး ၊ မိဘဘိုးဘွားတွေ၊ မြှောက်ပင့်သူတွေရဲ့စကား နားယောင်လို့ လမ်းမ တွေပေါ်မှာ အသက်တွေကို အလဟဿ စတေး နေကြတဲ့ လူငယ်တွေရဲ့ မိဘဆွေမျိုးတွေ…. သူတို့ မျက်နှာတွေကို ထောက်ထားသောအားဖြင့် ဆူပူ အကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်သင့်ကြပါပြီ။ ဆရာမင်းယုဝေရဲ့ ကျဆုံးသူဆိုတဲ့ ကဗျာလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ ကျဆုံးသူ အစိမ်းအနီ၊ ရှိကြသည်တွင် အနီကိုသာ ၊ ငါကြိုက်ပါလည်း သင့်မှာမကြိုက်၊ အစိမ်းကြိုက်၏။ စပယ်နှင်းဆီ၊ ရှိကြသည်တွင် နှင်းဆီကိုသာ၊ ငါကြိုက်ပါလည်း သင့်မှာမကြိုက်၊ စပယ်ကြိုက်၏။ အကြိုက်အညီ၊ မတူသည်ကား ဤမှာလောက သဘာဝ။ သို့စဉ်ကြိုက်လည်း အကြိုက်အညီ၊ မတူသည်ကို မကြည်မသာ၊ ရန်မာန်ရှာ၍ ငါနှင့်မတူ ငါ့ရန်သူ ဟု မှတ်ယူငြင်ငြို၊ အမျက်သိုက ထိုသူ ကျဆုံး ရမည်တကား။ ။ အမှားကို အမှန်ထင်ပြီး သံဃာတော်တွေကို စော်ကားမှုတွေ မြင်တွေ့နေရပါတယ်။ မတူညီဘူး ဆိုတဲ့ အမြင်တွေ၊ မြှောက်ပင့်မှုတွေ အကြား မိမိ ထက် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသူတွေ၊ ဆရာ သမားတွေကို ပုတ်ခတ်ပြောဆိုနေကြတာတွေ ကိုလည်း စိတ်မသက်သာဖွယ်မြင်တွေ့ နေရပါတယ်။ အမုန်းတရားတွေ၊ ဒေါသ အာဃာတတွေနဲ့ တမြည့်မြည့် လောင်ကျွမ်းနေကြတာ၊ မိဘနဲ့ သား သမီး၊ မူလက ချစ်ခင်လေးစားသူ အချင်းချင်း ခင်မင်မှုနဲ့ ချစ်ခြင်းတရားတွေ ပျက်စီး၊ တစ်ဦးနှင့် တစ်ဦး ထိခိုက်အောင် တိုက်ခိုက်လာကြတာတွေ ဟာ ရပ်ကွက်၊ မြို့နယ်အသီးသီးမှာ မြင်တွေ့နေရပါ တယ်။ မတည်ငြိမ် မအေးချမ်းမှုတွေ၊ အမုန်းတရား တွေကို ရပ်တန်းကရပ်ပြီး တူညီတဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီခရီးကို ပြည်သူ တစ်ရပ်လုံး ထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ ပုံဖော်လျှောက်လှမ်းခြင်းကသာ အမှန်ကန်ဆုံး သော ရွေးချယ်မှုနည်းလမ်းဆိုတာ မျိုးဆက်သစ် လူငယ်တွေနဲ့ ပြည်သူတစ်ရပ်လုံးကို သိစေလို လှပါပြီဟုသာ။ ။