သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

သာယာဝတီ   ဇွန်   ၂၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည်  ဇွန် ၁၉ ရက်က သာယာဝတီခရိုင် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဦးစွာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သာယာဝတီမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ၌ မိုးစပါးဧက ၁၀၀ တင်း ၁၀၀ ထွက်ရှိရေး ပေါင် စနစ်ဖြင့် ဗီယက်နမ်မျိုးစပါး ပျိုးထောင်စိုက်နေမှုကို ကြည့်ရှုအားပေးပြီး    ဒေသခံတောင်သူများအား မြေယာပြုပြင်စရိတ်၊    သွင်းအားစုနှင့်    ဟင်းသီး ဟင်းရွက်မျိုးစေ့များ        ထောက်ပံ့ပေးအပ်ကာ လက်ပံတန်းမြို့နယ်  ဂွေးတောက်ကွင်းကျေးရွာ၌     နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော    ဦးအေးစိုး၏    ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းလှမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ခရိုင်/မြို့နယ်အဆင့်  ဌာန ဆိုင်ရာများ၊    ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ရာ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး၊ သီးထပ် စွမ်း တိုးတက်ရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာ ရေး/ ကျန်းမာရေး မြှင့်တင်ဆောင်ရွက်ပေးနေမှုများနှင့် တောင်သူလယ်သမားများ လူ့မှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး လိုအပ်ချက်များအား တင်ပြပေးရန် ပြောကြားသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ    ဦးစိုးထွဋ်က    မင်းလှမြို့နယ်အတွင်း တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီး တိုးမြှင့်ဆောင်ရွက် သွားမည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊  ဒေသခံ တောင်သူများက နွေစပါးစိုက်ပျိုးရေရရှိရေး၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းအတွက်    မျိုးကောင်းမျိုးသန့် ရရှိရေး၊ ကျေးလက် လမ်း/တံတား အဆင့်မြှင့်တင် နိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး အသီးသီးတင်ပြကြရာ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်  ဌာနဆိုင်ရာများက  ပြန်လည်ရှင်းလင်းမှုအပေါ်   တိုင်းဒေသကြီးဝန်ကြီးချုပ်က    လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး    ဒေသခံတောင်သူများအား  ဟင်းသီးဟင်းရွက်မျိုးစေ့များ    ထောက်ပံ့ပေးအပ် သည်။ (အောက်ပုံ)
 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာ အုပ်စုနှင့် မိုးညိုမြို့နယ် မြစ်သာကျေးရွာအုပ်စုတို့ရှိ ရေကြီးရေနက်ကွင်းနေရာတို့တွင်   ယခင်တစ်နှစ် တစ်သီးသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ် နှစ်သီး တိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးမည့် မြေနေရာများ ကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)