အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းကျင်းပ

 

နေပြည်တော်    ဇွန်    ၂၀


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီး ဌာန၊  ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ၍   ကျင်းပပြုလုပ်သည့်  အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ အမှတ် (၃) အခြေခံပညာ  အထက်တန်း ကျောင်း   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


စကားဝိုင်းသို့     အဂတိလိုက် စားမှု  တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ     ဒေါက်တာဌေးအောင်၊ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင် ရုံး၊     ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး   ဦးစီးဌာနတို့မှ   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   ဆရာ ဆရာမ များနှင့် ကျောင်းသား  ကျောင်းသူ များ တက်ရောက်ကြသည်။

 


စကားဝိုင်းတွင် အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက   လူငယ်များအနေဖြင့် အဂတိတရား     လေးပါးနှင့် သက်ဆိုင်သည့်  ကျင့်ဝတ်လိုက်နာ ရန် အရေးကြီးသကဲ့သို့ ဖြောင့်မတ် တည်ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု၏    ကျင့်ဝတ် ဆိုင်ရာ အခြေခံသဘောတရားများ ဖြစ်သည့်   အားလုံးပူးပေါင်းပါဝင် မှု၊   ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက် နိုင်မှု၊   တာဝန်ယူမှု၊   တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် မျှတမှုတို့ကို နားလည်ကြရန်  လိုအပ်ကြောင်း၊ ပညာရေး   ဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးသင်ခန်းစာများကို Grade-11 အထိ  သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးပညာပေး    (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများ တည်ရှိသည့် ရန်ကုန်၊   မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ (မူလ တန်းနှင့် အလယ်တန်း) အဆင့် ကျောင်းသား ကျောင်းသူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးသင်ခန်း စာများကို  ဆွေးနွေးပို့ချလျက်ရှိ ကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး    အသိပညာပေး သင်ခန်းစာများကို စိတ်ဝင်တစား ကြိုးစားသင်ယူပြီး   ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိ မိတ်ဆွေအပေါင်းအသင်းများကို မျှဝေပေးစေလိုကြောင်း    ပြော ကြားသည်။

 


ထို့နောက်   Keynote   Spea-ker   အဖြစ်     ဆောင်ရွက်သည့်  ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင် တင့်က ကော်မရှင်သည် တစ်နိုင်ငံ လုံး    အတိုင်းအတာဖြင့်   အဂတိ လိုက်စားမှု     တိုက်ဖျက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို လက်ကမ်း ကြိုဆိုရမည်ဖြစ်ကြောင်း   ပြော ကြားသည်။

 


ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့ ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသား ကျောင်းသူ များက      သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်       ဆောင်ရွက်ကြသည့် ကျောင်းသား  ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ     ပြန်လည် ဖြေကြားခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်