
နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘရာဇီးလ်သံအမတ်ကြီးအဖြစ် မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ် အား ခန့်အပ်ရန် ဘရာဇီးလ် ဖက်ဒရယ်သမ္မတနိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ် ကို ၁၉၆၇ ခုနှစ် မတ်လ ၄ ရက်တွင် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ မွေးဖွား ခဲ့သည်။ ၎င်းသည် Pontifical Catholic University မှ စီးပွား ရေးဘွဲ့ကိုလည်းကောင်း၊ Institute of International Relations မှ နိုင်ငံတကာ ဆက်ဆံရေးမဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၎င်းသည် ၁၉၉၅ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တတိယအတွင်းဝန်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လန်ဒန်မြို့၊ ဆန်တီယာဂိုမြို့၊ ပေကျင်းမြို့နှင့် ရောမမြို့တို့ရှိ ဘရာဇီးလ်သံရုံးများ၌လည်းကောင်း၊ ဘာစီလိုနာ မြို့ရှိ ဘရာဇီးလ်ကောင်စစ်ဝန်ချုပ်ရုံး၌လည်းကောင်း သံတမန်ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ ပေါ်တူဂီစကားပြောနိုင်ငံများ အသိုက်အဝန်းဆိုင်ရာ ဘရာဇီးလ် အဖွဲ့ရုံး၌ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး၏ အစိုးရအဖွဲ့ ဒုတိယအကြီးအကဲနှင့် ကျန်းမာရေးဝန်ကြီး၏ ဝန်ကြီးရုံး အကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သတင်းစဉ်