မုန်တိုင်းဒဏ်သင့်ဒေသများအတွင်း စားရေရိက္ခာများဖူလုံစေရန် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများသွက်လက်မြန်ဆန်စွာ ပြန်လည်စတင်နိုင်ရန်ကြိုးပမ်း

 

စစ်တွေ     ဇွန်   ၂၀


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်းသည်  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာသက်သက်ခိုင်၊     ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့်  ထိခိုက်ပျက်စီးခဲ့ ရသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ      လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

 


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယနေ့ကျင်းပသည့် အစည်းအဝေးသည်    ရခိုင်ပြည်နယ်အတွင်း    မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူ ရေးလုပ်ငန်းများနှင့်     ရေလုပ်ငန်းများ    ပြန်လည် ထူထောင်ရေးဆိုင်ရာ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊  မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ   ဒေသအလိုက်     ခန့်အပ်တာဝန်     ပေးထားသည့် တပ်မတော်အရာရှိကြီးများလည်း   အွန်လိုင်းစနစ်ဖြင့်  အစည်းအဝေးသို့   တက်ရောက်ကြကြောင်း၊   မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန် လိုအပ် သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် ထောက်ပံ့ကူညီပံ့ပိုးပေးစေလိုသည်များကို ပွင့်လင်း စွာ    ရှင်းလင်းဆွေးနွေး    တင်ပြကြစေလိုကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများအတွင်း စားရေရိက္ခာများ ဖူလုံစေရန် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊     မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ သွက်လက်  မြန်ဆန်စွာ ပြန်လည်စတင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်   ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ရေတိုရေရှည်နှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအမံများ ချမှတ်ကာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဖြည့်စွက်ဆွေးနွေး


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် လုပ်ငန်းရှင်များက မိုခါမုန်တိုင်းတိုက်ခတ်မှု ဒဏ်ကြောင့်   ထိခိုက်ပျက်စီးခဲ့ရသည့်   မွေးမြူရေး လုပ်ငန်းများဖြစ်သော အသားစားကြက်၊ ဥစားကြက်၊ ဆိတ်၊  နွားမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ပတ်သက်သည့်  ပုစွန်၊ ကဏန်းပျော့၊ ငါးနှင့် ပုစွန် မျိုးသားပေါက် မွေးမြူ ရေးစသည့်  လုပ်ငန်းများတွင်  ပျက်စီးဆုံးရှုံးမှုများ အပေါ် ကူညီပံ့ပိုးပေးစေလိုသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊     ဒုတိယဝန်ကြီးများ     ဖြစ်ကြသည့် ဦးတင်ထွဋ်၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျက်စီး ဆုံးရှုံးမှုများနှင့်    ပတ်သက်သည့်    စာရင်းဇယား များ  တိကျမှန်ကန်စွာ  ပြုစုတင်ပြရန်နှင့်  ဆက်လက် ဆောင်ရွက်လိုသည့်အစီအမံများကို တစ်ပါတည်း ပြုစုတင်ပြပေးကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ နည်းပညာများ အသုံးပြု၍   ဆောင်ရွက်ရန်လိုကြောင်း   ဖြည့်စွက် ဆွေးနွေးကြသည်။ 

 


ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်


ယင်းနောက်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်   စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများအတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်နိုင်သည်များကို ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပြီး     နိုင်ငံတော်အနေဖြင့်လည်း စိစစ်မှုများပြုလုပ်ကာ   လိုအပ်သည်များ   ပံ့ပိုးကူညီ  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍   ငါးဖမ်း လုပ်ငန်းများတွင်လည်း ပျက်စီးဆုံးရှုံးသွားသည့် လှေ၊ ငါးဖမ်းပစ္စည်းများအား   ပြန်လည်ပြုပြုင်နိုင်သည် များကို   အမြန်ဆုံးပြုပြင်ပြီး   လုပ်ငန်းခွင်အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အလုံးစုံပျက်စီးသွားသည့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်ပြီး ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အခက်အခဲများရှိပါက တင်ပြဆောင်ရွက် သွားကြရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 


လှည့်လည်ကြည့်ရှုစစ်ဆေး


မွန်းလွဲပိုင်းတွင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည်  ရခိုင်ပြည်နယ်လွှတ်တော်သို့   ရောက်ရှိ ကြပြီး   မိုခါမုန်တိုင်းဒဏ်ကြောင့်   ပျက်စီးခဲ့သည့်  ပြည်နယ်လွှတ်တော်   အစည်းအဝေးခန်းမ၊   ဧည့် ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့သည်။ 

 


 ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊  ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်း နှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌    ကျင်းပသည့်    သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့   တက်ရောက်ပြီး   လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏   ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များအပေါ်   လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 


သတင်းစဉ်