ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့ အင်ဒိုနီးရှားနိုင်ငံသို့ ခုနစ်ရက်ကြာခရီးစတင်

 

တိုကျို    ဇွန်   ၁၇
ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရားမာဆာကို တို့သည် အင်ဒိုနီးရှား နိုင်ငံသို့ ခုနစ်ရက်ကြာခရီးထွက်ရန်  တိုကျို မြို့မှ  ထွက်ခွာသွားကြောင်း သိရသည်။ 
၂၀၁၉ ခုနှစ် ဂျပန်ဧကရာဇ်အဖြစ် ထီးနန်းဆက်ခံသည့် အချိန်မှ စတင်ကာ ပထမဦးဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေးခရီး  ထွက်ခွာ ခြင်းလည်းဖြစ်သည်။   အိမ်ရှေ့မင်းသား၊  အိမ်ရှေ့မင်းသမီးနှင့် ဂျပန် ဝန်ကြီးချုပ် ကီရှီဒါဖူမီအိုတို့က လေဆိပ်တွင်နှုတ်ဆက်ခဲ့ပြီးနောက် ဂျပန်ဧကရာဇ်နှင့်မိဖုရားတို့သည်   ဇွန်  ၁၇  ရက်   နံနက်ပိုင်းတွင် ဟာနီဒါလေဆိပ်မှ အစိုးရလေယာဉ်ဖြင့် ထွက်ခွာလာခဲ့သည်။  
ဇွန် ၁၇ ရက်   မွန်းလွဲပိုင်းတွင်   ဂျကာတာမြို့အနီး   ဆိုကာနို-ဟာတာ သို့ရောက်မည်ဖြစ်သည်။ ဇွန် ၁၉  ရက်တွင်  အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ဇနီးမောင်နှံ တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်မည်ဖြစ်သည်။    အင်ဒိုနီးရှားနိုင်ငံသည်   ဂျပန် ဧကရာဇ်နှင့်   မိဖုရားတို့ ၁၉၉၃  ခုနှစ်   လက်ထပ်ပြီးသည့်   အချိန်မှ စတင်ကာ   သွားရောက်ခဲ့သည့်နိုင်ငံများအနက်  ၁၄ နိုင်ငံမြောက် ဖြစ်သည်ဟု သိရသည်။                အင်န်အိတ်ချ်ကေ