ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့၏  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ 
စစ်တွေတက္ကသိုလ်ဝင်းအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့၏  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုအားပေး

 

စစ်တွေ   ဇွန်   ၁၇


နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီး ချုပ်နှင့်     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    တင်အောင်စန်း သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ  ပါမောက္ခ      ဒေါက်တာစန်းစန်း မြင့်အောင်  ဦးဆောင်သည့် အဖွဲ့ အား ယနေ့ နံနက် ၇ နာရီခွဲတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
လိုအပ်သည်များ
ပေါင်းစပ်ကူညီဖြည့်ဆည်းပေး
တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ် သင့် ပြည်သူများအတွက် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ ကိစ္စရပ်များ၊ စားရေရိက္ခာ စနစ်တကျ   ဖြန့်ခွဲပေးလျက်ရှိ သည့်အခြေအနေ၊   မုန်တိုင်းဒဏ် သင့် ရခိုင်ပြည်နယ်အတွင်း မိခင် နှင့်ကလေး ကျန်းမာရေးအတွက် အကူအညီ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ်  လိုအပ် သည်များ   ပေါင်းစပ်ကူညီဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
ထို့နောက်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့်           ဒေါက်တာ သက်သက်ခိုင်၊  ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး များ၊   တာဝန်ရှိသူများနှင့်အတူ စစ်တွေတက္ကသိုလ် သို့ ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး  အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့၏   ကူညီ ကယ်ဆယ်ရေးနှင့်    ပြန်လည် ထူထောင်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို  သွားရောက်ကြည့်ရှု အားပေးရာ (အောက်ပုံ) ပညာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့်      စစ်တွေတက္ကသိုလ်  ပါမောက္ခချုပ် တို့က လိုက်လံရှင်းလင်းပြသကြသည်။                                                                                                                            
ထိုသို့    ကြည့်ရှုအားပေးနေ စဉ်အတွင်း         ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လူ၊ စက်ယန္တရား များ အသုံးပြု၍ ဦးစားပေးအဆင့် အတန်းသတ်မှတ်ကာ တက္ကသိုလ် ဝင်းအတွင်း     သန့်ရှင်းသာယာ လှပရေး  ဆောင်ရွက်သွားကြရ မည်ဖြစ်ပြီး   တက္ကသိုလ်အင်္ဂါရပ် နှင့်အညီ ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊  မိုးတွင်းကာလ ဖြစ်သဖြင့်   တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာ  ကောင်းမွန်စေရေး ရေနုတ်မြောင်းများ       တူးဖော် ဆောင်ရွက်သွားကြရမည်   ဖြစ် ကြောင်း မှာကြားခဲ့သည်။ 
ထောက်ပံ့ပေးအပ်
ထို့နောက်      ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်     အဖွဲ့သည် စစ်တွေမြို့နယ်  ကြက်ကိုင်းတန် ကျေးရွာ၊       စန္ဒာရာမပရိယတ္တိ ကျောင်းတိုက်ဓမ္မာရုံ၌ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးများမှ အထူးကု ဆရာဝန်ကြီးများက   မုန်တိုင်း ဒဏ်သင့်       ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုများနှင့် ဆေးကုသမှုခံယူနေကြ သူများကို   ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသ ကြပြီး အထူးကုဆရာဝန်ကြီးများ နှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူလူထုအား  စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ သည်။(အောက်ပုံ)
ကျန်းမာရေး
စောင့်ရှောက်မှုပေး 
အဆိုပါ    စန္ဒာရာမပရိယတ္တိ ကျောင်းတိုက်ဓမ္မာရုံ၌   သားဖွား မီးယပ်၊ နား၊ နှာခေါင်း လည်ချောင်း၊   အရိုး၊ ခွဲစိတ်၊ အရေပြား၊   စိတ် ရောဂါ၊  မျက်စိ၊ သွားနှင့်ခံတွင်း၊      ကလေးနှင့် အထွေထွေရောဂါများ ကို   ကုသပေးလျက်ရှိပြီး  မြန်မာ့ တိုင်းရင်းဆေးများ      ဖြင့်လည်း ကျန်းမာရေး    စောင့်ရှောက်မှု       ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့  သွားရောက်ကြည့်ရှု အားပေးစဉ်အတွင်း         ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် သည် ဒုတိယဝန်ကြီးများနှင့်အတူ စစ်တွေမြို့နယ်          ရွှေမင်းဂံ ဆိပ်ကမ်းသို့ ရောက်ရှိကြပြီး မိုခါ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲခဲ့သည့် သစ်ပင်များမှ  သစ်မြစ်ဆုံများကို ပန်းပုအတတ်ပညာဖြင့်  တန်ဖိုး မြှင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်ရန် CHARITES သင်္ဘောအပြန်ခရီး၌ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့သွား မည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 
ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  ဆက်သွယ် ရေးအော်ပရေတာများ       ဖြစ်ကြ သည့်    မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)၊  MyTel ၊  Atom Myanmar     နှင့်    Ooredoo Myanmar မှ တာဝန်ရှိသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ်     မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ဆက်သွယ်ရေးစနစ်များ ထိခိုက်ပျက်စီးခဲ့မှုများကို အချိန် တိုအတွင်း      ရာနှုန်းပြည့်နီးပါး ပြန်လည်     ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့မှု၊ ထိုသို့ ပြန်လည်ပြင်ဆင်ရာတွင် မုန်တိုင်း ဒဏ်ခံနိုင်သည့် မူလအနေအထား ထက် ပိုမိုကောင်းမွန်သော နည်း ပညာ၊   စက်ပစ္စည်း၊   အစားထိုး တပ်ဆင်ပေးရန်        လိုအပ်မှု၊ အော်ပရေတာများက   မုန်တိုင်း သင့်ဒေသများ၌          ပညာရေး၊ ကျန်းမာရေး၊   ဘာသာရေးနှင့် လူမှုရေးစသည့်   ကဏ္ဍများတွင် Corporate Social Responsi-bility–CSR အစီအစဉ်ဖြင့် WiFi၊  Internet   စနစ်များကို   အခမဲ့ တပ်ဆင်၍ ပံ့ပိုးကူညီ ဆောင်ရွက် ပေးမှုများနှင့်  မုန်တိုင်းဒဏ်သင့် ဒေသများအတွင်း   ဆက်သွယ် ရေးကောင်းမွန်စေရန်  အချိန်တို အတွင်း ပြီးစီးအောင်ဆောင်ရွက် နိုင်ခဲ့မှုများအတွက် အသိအမှတ် ပြု           ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။         သတင်းစဉ်